မိုက်ကယ်အိုဝင်ကြီးရဲ့ သုံးသပ်ချက်တွေကို ဖော်ပြပြီးနောက်မှာတော့ ဘူဂေးရီးယား ကစားသမားဟောင်းကြီး ဒီမီတာဘာဘာတော့ရဲ့ ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်တွေကိုလည်း ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်။ အိုဝင်ရဲ့ခန့်မှန်းချက်တွေကတော့ ဘောလုံးပရိသတ်တွေရဲ့ကြားမှာ အတော်လေးကို ရေပန်းစားနေလျက်ရှိသလို ဘာဘာတော့ရဲ့ခန့်မှန်းမှုတွေကလည်း ဘယ်လောက်အထိကို မှန်ကန်မှုရှိမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

လက်စတာ နဲ့ မန်ချက်စတာယူနိုက်တက်

Photo Credit : Youtube

ပရီးမီးယားလိဂ် အမှတ်ပေးဇယားက ဒုတိယအသင်းနဲ့ တတိယအသင်းတို့ရဲ့ အားပြိုင်မှုပါ။ နှစ်သင်းလုံးက ဂိုးတွေသွင်းကြမယ်။ ဒါပေမယ့် ယူနိုက်တက် အစကောင်းခဲ့မယ်။ ဂိုးစတင်လည်း မပေးရဘူးဆိုရင်တော့ ယူနိုက်တက်တို့ အနိုင်ရပါလိမ့်မယ်။
ခန့်မှန်းရလဒ် ( 1-2 )

အာဆင်နယ် နဲ့ ချယ်လ်ဆီး

Photo Credit : Sky Sports

အာဆင်နယ်က လက်ရှိမှာ ပြသာနာတွေနဲ့ ရင်ဆိုင်နေတယ်ဆိုပေမယ့်လည်း သူတို့ရဲ့ကံကြမာကိုတော့ ပြောင်းလဲပစ်ရပါတော့မယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ ဒီအသင်းနဲ့ အက်အေဖလားဖိုင်နယ် ရင်ဆိုင်ခဲ့ချိန်တုန်းက အနိုင်ယူခဲ့ဖူးတာက အခုပြန်လည်တွေ့ဆုံရမယ့် ပွဲစဉ်အတွက် လှုံဆော်မှုတစ်ခု ပေးနိုင်ပါလိမ့်မယ်။
ခန့်မှန်းရလဒ် ( 2-1 )

ဝုလ်ဗ် နဲ့ စပါး

Photo Credit : Sky Sports

ဝုလ်ဗ်ကွင်းမှာ စပါးတို့ ဝုလ်ဗ်ကို ဘယ်လိုအနိုင်ရအောင် ကစားမလဲဆိုတာ အရေးမကြီးပါဘူး။ သူတို့အတွက်က အနိုင်(၃)မှတ် ရယူဖို့နိုင်ကပဲ အရေးကြီးတာပါ။ စပါးအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အသင်းမျိုး ဖြစ်နေချင်သေးတယ်ဆိုရင်တော့ သူတို့ ဝုလ်ဗ်အသင်းကို အနိုင်ယူသင့်ပါတယ်။
ခန့်မှန်းရလဒ် ( 0-1 )

ကျန်ပွဲစဉ်များအတွက် ခန့်မှန်းရလဒ်
လီဗာပူးလ် ၄-၀ ဝက်စ်ဘရွန်း
ဝက်စ်ဟမ်း ၂-၀ ဘရိုက်တန်
လိဒ်စ် ၃-၁ ဘန်လေ
ရှက်ဖီးယူနိုက်တက် ၁-၀ အဲဗာတန်
မန်စီးတီး ၃-၀ နယူးကာဆဲလ်
ဖူလ်ဟမ် ၁-၀ ဆောက်သမ်တန်