လာမယ့်ဘောလုံးရာသီမှာ စပါးအသင်းက စျေးကွက်အတွင်း ငွေကြေးသုံးစွဲမှု အနည်းအကျဉ်းလေးသာ လုပ်ဆောင်သွားဖို့ရှိနေပြီး အသင်းရဲ့လိုအပ်ချက်တွေအတွက် ရင်းနှီးမြှပ်နှံမှုများစွာ လုပ်ဆောင်ဖို့ ခဲယဉ်းနေတာကြောင့် အသင်းက ဒီလိုပုံစံအတိုင်းသာဆိုရင် အောင်မြင်မှုတွေကို ရယူနိုင်ဖို့က လွယ်ကူနိုင်မှာမဟုတ်ပဲ ဒီအခြေအနေတွေအားလုံးကို အသင်းရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ ဟယ်ရီကိန်းအနေနဲ့ အသေအချာ စဉ်းစားထားသင့်လို့ စပါးကစားသမားဟောင်း ဒီမီတာဘာဘာတော့က သတိပေးပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mirror

စပါးအသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း ဘာဘာတော့မှာလည်း ဟယ်ရီကိန်းလိုပဲ စပါးအသင်းမှာ အချိန်ပေါင်းများစွာ ပါဝင်ကစားခဲ့သူ ဖြစ်ခဲ့ပေမယ့်လည်း အောင်မြင်မှုတွေ လောက်လောက်ငှာငှာ မရယူနိုင်ခဲ့လို့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခဲ့ရမှ ပရီးမီးယားလိဂ်ဆုဖလားကို (၂)ကြိမ် ဆွတ်ခူးခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဒုတိယဆုကို ဆွတ်ခူးခဲ့ပါသေးတယ်။ ဒါကြောင့် သူရဲ့အတွေ့အကြုံနဲ့ရင်းပြီး ဘာဘာတော့က “စပါးမှာက အပြောင်းအရွှေ့လှုပ်ရှားမှုတွေ နည်းပါးနေတာကြောင့်မို့ လူတွေကလည်း ဒီအသင်းက အရည်အသွေးကောင်းတွေပါ ကျဆုံးသွားတော့မယ်လို့ ထင်ကောင်းထင်နေကြမှာပဲ”

Photo Credit : Tribuna

“ဒါကို ကိန်းအနေနဲ့ စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေက ဒီအကြောင်းကို ပြောဆိုနေကြချိန်မှာ ကိန်းကလည်း သူရဲ့အေးဂျင့်ဆီ ဒီအကြောင်းတွေကို ဆွေးနွေးထားသင့်ပါတယ်။ ခင်ဗျားအနေနဲ့ တစ်စုံတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အချိန်တွေက ရပ်တန့်နေတာမဟုတ်မှန်းတော့ သတိထားဖို့တော့ လိုအပ်ပါတယ်။ ခင်ဗျားဆီမှာ ဆုဖလားတစ်စုံတစ်ခုကို ရယူနိုင်လောက်တဲ့ အရည်အချင်းမျိုးရှိနေပေမယ့် ခင်ဗျားကို တစ်ခုခုက ဟန့်တားသလိုများ ဖြစ်နေမလားဆိုတာ စဉ်းစားသင့်ပါတယ်။ ဒီတော့ ခင်ဗျားက အခုလို အခြေအနေမျိုးမှာဆိုရင် ဆုံးဖြတ်တစ်ခုကို ချမှတ်သင့်ပါတယ်။ ဆက်နေမလား ထွက်ခွာမလားဆိုတာကိုပေါ့။ ဒီလို ဆုံးဖြတ်ချက်ဆိုတာ ကစားသမားတစ်ယောက်အတွက် အရမ်းခက်ခဲမယ်ဆိုတာတော့ သေချာတယ်။ ကိန်းလို အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ယောက်အတွက် ပိုလို့တောင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်နေရဦးမှာပါ” လို့ ပြောဆိုသွားခဲ့ပြီး ဟယ်ရီကိန်းအနေနဲ့ ရည်မှန်းချက်ကြီးမားတဲ့ ကစားသမားမျိုးဆိုရင်တော့ စပါးကနေ ပိုပြီးမြင့်မားတဲ့ ကလပ်အသင်းတစ်ခုဆီကို အချိန်မီပြောင်းရွှေ့သွားသင့်တယ်လို့ အကြံပြုပြောဆိုလိုက်ပါတယ်။