မာရာဒိုနာဟာ လက်ရှိမှာ အာဂျင်တီးနား လိဂ်ပြိုင်ပွဲက အသင်းတစ်သင်း ဖြစ်တဲ့ ဂျီမာနီဇီယား အသင်းကို နည်းပြနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲနည်းပြနေချိန်အတွင်း မူးယစ်ဆေး သုံးစွဲခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ မာရာဒိုနာရဲ့ ဂျီမာနီဇီယား အသင်းဟာ တနင်္ဂနွေနေ့က ကစားသွားခဲ့တဲ့ အာဂျင်တီးနား လိဂ်ပြိုင်ပွဲမှာ ရိုဆာရီယိုအသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြ မာရာဒိုနာရဲ့ မူးယစ်ဆေး သုံးနေတဲ့ ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Dailystar

နည်းပြ မာရာဒိုဟာ ပွဲအချိန်အတွင်း နည်းပြ ခုံတန်းပေါ်မှာ ထိုင်လျက် ပွဲနည်းပြနေတဲ့ အချိန်မှာ သူ့ရဲ့ လက်ထောက်တစ်ဦးက ရေနဲ့ မျိုချဖို့ ဆေးတစ်ခုခုကို သွားပေးပြီး အခြားသူတွေကတော့ မြင်ကွင်းကို ကွယ်ပေးခဲ့ကြပါတယ်။ နည်းပြ မာရာဒိုနားဟာ အရင်က မူးယစ်ဆေးဝါး ပြဿနာ ဖြစ်ခဲ့ဖူးတာကြောင့် သတင်းမီဒီယာတွေကတော့ နည်းပြ မာရာဒိုနာအနေနဲ့ ဘောလုံးပွဲနည်းပြနေတဲ့ အချိန်မှာ မူးယစ်ဆေး တစ်ခုခု သုံးစွဲလိုက်တာ ဖြစ်မယ်လို့ အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

Photo Credit: Dailystar

ဒါပေမဲ့ အာဂျင်တီးနား အခြေစိုက် LA NANCION သတင်းကတော့ နည်းပြ မာရာဒိုနာအနေနဲ့ သွေးဖိအား တည်ငြိမ်ဖို့ သောက်ဆေး ဆေးလုံး သောက်တာ ဖြစ်ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။ LA NACION သတင်းကပဲ လက်ထောက် လူနှစ်ဦးက မာရာဒိုနာကို ကွယ်ပေးနေကြရတာဟာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်လာစေချင်တာကြောင့်ပါလို့ အတိသလင်း ဖော်ပြခဲ့ပေမဲ့ သတင်းမီဒီယာအများစုကတော့ မူးယစ်ဆေး သုံးစွဲတာ ဖြစ်နိုင်တယ်လို့ ဖော်ပြကြပါတယ်။