MySport Myanmar

ချန်ပီယံလိဂ်ဖလား ရယူချင်လို့ ဟာလန်းကို ခေါ်ယူခဲ့တာလား???

ဘိုင်ယန်မြူးနစ် နဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ခင်မှာ သတင်းစာ ရှင်းလင်းပွဲအတွင်း မန်စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာကို “ချန်ပီယံလိဂ်ဖလား ရယူချင်လို့ ဟာလန်းကို ခေါ်ယူခဲ့တာလား?” လို့ မေးမြန်လာခဲ့ရာ

Photo Credit : Planet Football

“ဟာလန်းက ကျွန်တော်တို့တွေအတွက် အရေးအကြီးဆုံး ကစားသမားပါ။ သူက ကျွန်တော်တို့ကို ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ကြိုးစား ကူညီပေးခဲ့တာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ နေ့စဉ် အက်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ ရရှိနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဂိုးတွေ အမြဲသွင်းယူနိုင်တတ်တဲ့ ကစားသမားတစ်ဦးကို ပိုင်ဆိုင်ထားတာက အရေးကြီးပါတယ်”

Photo Credit : Football News Culture

“ဒါပေမယ့်လည်း ကျွန်တော်တို့တွေ မိုနာကိုအသင်းကို (၆)ဂိုးထိ သွင်းယူပြီး ကျွန်တော်တို့ ထွက်ခွာသွားရတယ်။ စပါးကို (၄)ဂိုးသွင်းတယ်။ ကျွန်တော်တို့ ထွက်သွားရတယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ကစားတယ်။ (၄)ဂိုးသွင်းပြန်တယ်။ ကျွန်တော်တို့ ထွက်သွားရပြန်တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ရောက်တိုင်း ကျွန်တော်တို့က ဂိုးတွေ အမြဲ သွင်းယူနေကြဆိုတော့ ဒါက ယေဘုယျ ပြသာနာတစ်ရပ် မဟုတ်ပါဘူး” လို့ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : DW

ဆက်လက်ပြီး ပြိုင်ဘက်အသင်း နည်းပြ သောမတ်စ်တူဟယ်လ်နဲ့ နည်းပြဟောင်း နာဂယ်စမန်းတို့ကြား ခြားနားချက်တွေနဲ့ ပတ်သတ်ပြီးတော့ကိုလည်း ဂွာဒီယိုလာက “သူတို့နှစ်ယောက်လုံးက ဖန်တီးနိုင်စွမ်းကောင်းတဲ့ နည်းပြတွေ။ နာဂယ်စမန်းနဲ့ပဲ တွေ့တွေ့ တူဟယ်လ်နဲ့ပဲ တွေ့တွေ့ ခက်ခဲနေပါလိမ့်မယ်။ နာဂယ်စမန်းအကြောင်း ကြားလိုက်ရချင်းတော့ ကျွန်တော် အံ့အားသင့်မိသွားခဲ့တယ်။ ဒါနဲ့ ပတ်သတ်ပြီး သူရဲ့ ထင်မြင်ချက် အစစ်အမှန်ကိုတော့ မပေးနိုင်ပါဘူး။ နည်းပြတစ်ယောက် အထုတ်ပယ်ခံရပြီး နောက် နည်းပြသစ်က အသင်းအတွက် ကောင်းကောင်း လုပ်ဆောင်ပေးနိုင်ရင် ဒါကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ပြောကြလိမ့်မယ်။ တကယ်လို့ ဆုံးဖြတ်က မှားသွားခဲ့ပြီဆိုရင်တော့ နည်းပြဟောင်းကို သူတို့ လွမ်းဆွတ်နေကြလိမ့်မယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Exit mobile version