ပြီးခဲ့တဲ့ရက်ပိုင်း ဝင်ဘာလေကွင်းမှာ ကျင်းပခဲ့တဲ့ Finalissima တောင်အမေရိက-ဥရောပချန်ပီယံလုပွဲစဉ်မှာ ယူရိုချန်ပီယံ အီတလီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာခဲ့တဲ့ အာဂျင်တီးနားအသင်းကို သူတို့ရဲ့ ခါးသီးပြိုင်ဘက် ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်ကစားသမား နေမာက ကမ္ဘာ့ဖလားကြီးများ ရရှိသွားခဲ့တာလားလို့ လှောင်ပြောင်သွားခဲ့ပါတယ်။

Neymar risks Lionel Messi relationship with cutting response to Argentina  victory song - Mirror Online

Photo Credit : Mirror

ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းဟာ ယူရိုချန်ပီယံ အီတလီအသင်းကို မာတီနက်ဇ် ဒီမာရီယာ ဒီဘားလားတို့ရဲ့ သွင်းဂိုးတွေနဲ့ (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာဖြစ်ပြီး Finalissima ချန်ပီယံဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် နေမာရဲ့ ပီအက်စ်ဂျီအသင်းဖော်ဖြစ်သူ လီယွန်နယ်မက်ဆီဟာလည်း ကစားသမားဘဝအတွင်းမှာ နိုင်ငံအသင်းအတွက် ဒုတိယမြောက် မေဂျာဆုဖလားကို ပိုင်ဆိုင်ခဲ့ရပေမယ့် အာဂျင်တီးနား ကစားသမားတွေရဲ့ အဝတ်လဲခန်းအတွင်း ခါးသီးပြိုင်ဘက် ဘရာဇီးလ်အသင်းနဲ့ ပတ်သက်ပြီး လှောင်ပြောင်အော်ဟစ်နေမှုအပေါ် နေမာက ပြန်လည်လှောင်ပြောင် တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

Neymar Jr. mocks Argentina's new chant following La Finalissima triumph -  Livenews.ng

Photo Credit : Livenews

အမုန်းတီးဆုံး အခါးသီးဆုံးပြိုင်ဘက် ဘရာဇီးလ်အသင်းကိုမှ ဘရာဇီးလ်မြေမှာ အနိုင်ယူပြီး ကိုပါအမေရိက ချန်ပီယံ ဖြစ်ထားခဲ့ဖူးတဲ့ အာဂျင်တီးနားအသင်းဟာ Finalissima မှာ ထပ်မံဗိုလ်စွဲခဲ့စဉ်ကလည်း သူတို့ရဲ့ ခါးသီးပြိုင်ဘက်ကို အနိုင်ယူခဲ့ခြင်းနဲ့ အာဂျင်တီးနားရဲ့ legend player မက်ဆီက ရီယိုဒီဂျနေယိုးမြို့အထိ သွားရောက်ပြီး ဘရာဇီးလ်ကို အနိုင်ယူခဲ့ကြောင်းတွေကို သံပြိုင်အော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒီလို အပြုအမှုတွေကို လက်မခံနိုင်တဲ့ ဘရာဇီးလ် ထိပ်တန်းကစားသမား နေမာက ပြန်လည်တုံ့ပြန်သွားခဲ့ပြီး “သူတို့ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့သလား” လို့ ရေးသားသွားခဲ့ပါတယ်။ နေမာအနေနဲ့ အာဂျင်တီးနားအသင်းရဲ့ ကစားသမားတွေအပေါ် အခုလို တုံ့ပြန်ခဲ့ပေမယ့်လည်း သူနဲ့ ပီအက်စ်ဂျီမှာ တွဲဖက်ကစားနေတဲ့ အာဂျင်တီးနားလူမျိုးတွေဖြစ်သော မက်ဆီ ပါရေဒက်စ် ဒီမာရီယာတို့နဲ့တော့ ဆက်ဆံရေးကောင်းတွေ ရှိလို့နေပြီး နေမာရဲ့ဘရာဇီးလ်နဲ့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းတို့ဟာလည်း လာမယ့် စက်တင်ဘာလထဲ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ထပ်မံတွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။