ကိုလံဘီယာရဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုလို့ အမည်ပြောင် ရရှိလို့ထားတဲ့ ပေါ်တို တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဇ်ဒီယက်ဇ်ကို လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)+အပိုဆုကြေး ယူရို(၂၅)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် အလွန်နီးစပ်နေပြီဖြစ်ပြီး သဘောတူညီချက်တွေလည်း အလုံးစုံ ရရှိထားပြီဖြစ်သလို ကစားသမားနဲ့လည်း (၅)နှစ်စာချုပ်အထိ ချုပ်ဆိုသွားဖွယ်လည်း ရှိနေပါတယ်။

Jurgen Klopp is closing in on the exciting £50million signing of Porto winger Luis Diaz

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွှယ် ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား လူးစ်ဒီယက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပေါ်တိုအသင်းအတွက် (၂၈)ပါဝင်ကစားထားခဲ့ရာ (၁၆)ဂိုးထိကို သွင်းယူထားနိုင်ခဲ့ပြီး (၆)ဂိုးဖန်တီးထားနိုင်ခဲ့ကာ အသင်းရဲ့ အဓိက ကစားသမားအဖြစ် အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပါတယ်။ ပြေးအား တိုးအားနဲ့ ဂိုးသွင်းအား ကောင်းမွန်လှတဲ့ ဒီယက်ဇ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ စပါးအသင်းတို့က အခုစျေးကွက်အတွင်းမှာပဲ ခေါ်ယူသွားဖို့ အပြိုင်ကြိုးပမ်းလာခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ လီဗာပူးလ်က ဒီယက်ဇ်ကို ခေါ်ယူသွားနိုင်ဖို့ သေချာသလောက်ကို ရှိသွားခဲ့ရပြီ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

လီဗာပူးလ်အသင်းက ဒီယက်ဇ်ကို တခြားအသင်းတွေထက် စောစီးစွာ ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာ မာနေးတို့ရဲ့ စာချုပ်ကိစ္စအတွက် လုပ်ဆောင်နေရလို့ ဒီယက်ဇ်ကို ခေါ်ယူမယ့်အရေးမှာ နည်းနည်းလစ်ဟာလာချိန် စပါးအသင်းက ဒီယက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ သူတို့ရဲ့ပစ်မှတ်ကို တခြားအသင်းလက်ထဲ မပါသွားရအောင် ကမ်းလှမ်းမှုတွေ ချက်ချင်း လုပ်ဆောင်လာရတာ ဖြစ်ပါတယ်။ အခုတော့ လီဗာပူးလ်အသင်းအနေနဲ့ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူသွားဖို့က သေချာသွားခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်မှာ စာရွှက်စာတမ်း ကိစ္စတွေ အမြန်ဆုံး အပြီးသတ်နိုင်ဖို့ကိုပါ လုပ်ဆောင်လျက် ရှိနေပါတယ်။ တကယ်လို့ ဒီယက်ဇ်သာ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့မယ်ဆိုရင် လီဗာပူးလ်ဘက်က အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မီနာနမီနိုနဲ့ အော်ရီဂီတို့ကိုပါ အသင်းက လက်လွတ်သွားဖွယ် ရှိလို့နေပြီး လတ်တလောမှာတော့ မီနာမီနိုကို လိဒ်စ်ယူနိုက်တက်နဲ့ မိုနာကိုအသင်းတွေက အလိုရှိနေသလို အော်ရီဂီကိုလည်း စီးရီးအေကလပ် အတ္တလန်တာအသင်းက ခေါ်ယူသွားချင်နေပါတယ်။