ပီအက္စ္ဂ်ီ ကစားသမား ဒီမာရီယာက ဂ်ဳဗင္တပ္တိုက္စစ္မႉး ေရာ္နယ္ဒို၊ ေအစီမီလန္တိုက္စစ္မႉး အီဘရာဟီမိုဗစ္ နဲ႔ မန္ယူ တိုက္စစ္မႉးေဟာင္း ႐ြန္နီတို႔ထက္ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီက ပိုေကာင္းတယ္လို႔ ေျပာသြားခဲ့ပါတယ္။ အာဂ်င္တီးနား လက္ေ႐ြးစင္ ကစားသမား ဒီမာရီယာဟာ ေရာ္နယ္ဒို၊ အီဘရာဟီမိုဗစ္၊ ႐ြန္နီ၊ မက္ဆီတို႔နဲ႔ တြဲကစားခဲ့ဖူးၿပီး သူတို႔ (၄) ဦးထဲမွာ သူ႔ရဲ႕ ႏိုင္ငံ အသင္းေဖာ္ မက္ဆီက အေကာင္းဆုံး ကစားသမား ျဖစ္တယ္လို႔ အခိုင္အမာ ေျပာသြားပါတယ္။

Photo Credit: Goal

ေတာင္ပံ ကစားသမား ဒီမာရီယာဟာ ရီးရဲလ္အသင္းမွာ ေရာ္နယ္ဒို၊ ပီအက္စ္ဂ်ီအသင္းမွာ အီဘရာဟီမိုဗစ္၊ မန္ယူအသင္းမွာ ႐ြန္နီ၊ အာဂ်င္တီးနား လက္ေ႐ြးစင္ အသင္းမွာ မက္ဆီ စသျဖင့္ တြဲကစားခဲ့တာ ျဖစ္ပါတယ္။ သူဟာ လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီအသင္းမွာ ေနမာ၊ အမ္ဘာေပတို႔နဲ႔ တြဲကစားေနၿပီး သူ တြဲကစားခဲ့ဖူးတဲ့ ကမာၻ႔ နာမည္ေက်ာ္ ကစားသမားႀကီး (၄) ဦးထဲမွာ သူ႔ရဲ႕ လက္ေ႐ြးစင္ အသင္းေဖာ္ မက္ဆီက အေကာင္းဆုံး ကစားသမား ျဖစ္တယ္လို႔ အမႊမ္းတင္ ခ်ီးက်ဴးသြားတာပါ။

Photo Credit: Goal

ဒီမာရီယာက “႐ြန္နီ၊ ဗိုဗစ္၊ ေရာ္နယ္ဒို၊ မက္ဆီတို႔နဲ႔ ကစားခြင့္ရတာက အိပ္မက္လိုပါပဲ။ သူတို႔က ကြၽန္ေတာ္ ဂိမ္းဆိုင္မွာ သုံးေနက် ကစားသမားေတြပါ။ သူတို႔နဲ႔ အတူတူ ကစားခြင့္ ရလိမ့္မယ္လို႔ ဘယ္တုန္းကမွ စိတ္ကူးမယွဥ္ခဲ့ဖူးပါဘူး။ သူတို႔ကို ၾကည့္ခဲ့တယ္။ ေနာက္ေတာ့ သူတို႔နဲ႔ အတူတူ ကစားဖို႔ အခြင့္အေရး ရွိခဲ့ပါတယ္။ သူတို႔ (၄) ဦးထဲမွာ မက္ဆီက အေကာင္းဆုံးပါ။ ေရာ္နယ္ဒိုက ဧရာမကစားသမားပါ။ မိုဗစ္က ႐ူးသြပ္သူပါ။ ႐ြန္နီက အေတာ္ ၿငိမ္တဲ့ သူပါ”လို႔ ေျပာခဲ့ပါတယ္။

{Unicode}

ပီအက်စ်ဂျီ ကစားသမား ဒီမာရီယာက ဂျုဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို၊ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ် နဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နီတို့ထက် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ပိုကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ကစားသမား ဒီမာရီယာဟာ ရော်နယ်ဒို၊ အီဘရာဟီမိုဗစ်၊ ရွန်နီ၊ မက်ဆီတို့နဲ့ တွဲကစားခဲ့ဖူးပြီး သူတို့ (၄) ဦးထဲမှာ သူ့ရဲ့ နိုင်ငံ အသင်းဖော် မက်ဆီက အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ အခိုင်အမာ ပြောသွားပါတယ်။

Photo Credit: Goal

တောင်ပံ ကစားသမား ဒီမာရီယာဟာ ရီးရဲလ်အသင်းမှာ ရော်နယ်ဒို၊ ပီအက်စ်ဂျီအသင်းမှာ အီဘရာဟီမိုဗစ်၊ မန်ယူအသင်းမှာ ရွန်နီ၊ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာ မက်ဆီ စသဖြင့် တွဲကစားခဲ့တာ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းမှာ နေမာ၊ အမ်ဘာပေတို့နဲ့ တွဲကစားနေပြီး သူ တွဲကစားခဲ့ဖူးတဲ့ ကမ္ဘာ့ နာမည်ကျော် ကစားသမားကြီး (၄) ဦးထဲမှာ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် မက်ဆီက အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ အမွှမ်းတင် ချီးကျူးသွားတာပါ။

Photo Credit: Goal

ဒီမာရီယာက “ရွန်နီ၊ ဗိုဗစ်၊ ရော်နယ်ဒို၊ မက်ဆီတို့နဲ့ ကစားခွင့်ရတာက အိပ်မက်လိုပါပဲ။ သူတို့က ကျွန်တော် ဂိမ်းဆိုင်မှာ သုံးနေကျ ကစားသမားတွေပါ။ သူတို့နဲ့ အတူတူ ကစားခွင့် ရလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယှဉ်ခဲ့ဖူးပါဘူး။ သူတို့ကို ကြည့်ခဲ့တယ်။ နောက်တော့ သူတို့နဲ့ အတူတူ ကစားဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ သူတို့ (၄) ဦးထဲမှာ မက်ဆီက အကောင်းဆုံးပါ။ ရော်နယ်ဒိုက ဧရာမကစားသမားပါ။ မိုဗစ်က ရူးသွပ်သူပါ။ ရွန်နီက အတော် ငြိမ်တဲ့ သူပါ”လို့ ပြောခဲ့ပါတယ်။