အသင်းကို အာလင်းဟာလန်းရောက်လာချိန်ကနေစတင်ပြီး ဘွန်ဒက်လီဂါ၃ပွဲဆက်တိုက် လုံးဝရှံးပွဲမရှိခဲ့ရတဲ့အပြင် တစ်ပွဲကို ၅ဂိုးနဲ့ ၃ပွဲအတွင်း ၁၅ဂိုးအထိ ရယူနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ဒီနေ့ညမှာ ဂျာမန်ပိုကယ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဝါဒါဘရီမင်အသင်းနဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရကာ ၃ဂိုး၂ဂိုးနဲ့ ရှံးနိမ့်ခဲ့ရလို့ ပိုကယ်ဖလားကနေ ထွက်ခွာခဲ့ရပြီဖြစ်ကာ ဒေါ့မွန်လိုပဲ ဒီရာသီ ဘွန်ဒက်လီဂါမှာ ခြေစွာလျက်ရှိနေတဲ့ ရက်ဘူးလိုက်ပ်ဇစ်အသင်းကလည်း အဝေးကွင်းမှာ ဖရန့်ဖတ်အသင်းကို ၃ဂိုး၁ဂိုးနဲ့ ရှံးနိမ့်ခဲ့ပြီး ပိုကယ်ဖလားကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit : Getty Images

ဘွန်ဒက်လီဂါမှာ ၃ပွဲဆက်တိုက် နိုင်ပွဲတောက်လျှောက်ရရှိနေတဲ့့ ဒေ့ါမွန်အသင်းဟာ ဟာလန်းကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပေမယ့်လည်း သော်ဂန်ဟာဇက် ဆန်ချို မားကို့စ်ရူးစ်တို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး မိနစ်၃၀အတွင်းမှာပဲ အိမ်ရှင်ဝါဒါဘရီမင်အသင်းဘက်ကို ၂ဂိုးခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဒေါ့မွန်က ဟာလန်းကို ထည့်သွင်းလာခဲ့ပြီး ၆၇မိနစ်မှာပဲ ဟာလန်းက သူရဲ့ဒေါ့မွန်ကစားသမားဘဝ ၄ပွဲဆက်တိုက် ၈ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် မိနစ်ရ၀မှာပဲ ဝါဒါဘရီမင်ဘက်က နောက်ထပ်အနိုင်ဂိုး ထပ်ရခဲ့တာကြောင့် ဒေါ့မွန်တို့ ပိုကယ်ကွာတားဖိုင်နယ်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

မကြာသေးခင်ကမှ ဘွန်ဒက်လီဂါမှာ ဆုံတွေ့ထားခဲ့တဲ့ ဖရန့်ဖတ်နဲ့ လိုက်ပ်ဇစ်အသင်းတို့မှာလည်း ပိုကယ်ဖလား ကွာတားဖိုင်နယ် ထပ်မံဆုံစည်းခဲ့ပြန်ပြီး ဒီတစ်ကြိမ်မှာလည်း ဖရန့်ဖတ်ကပဲ လိုက်ပ်ဇစ်ကို ထပ်မံအနိုင်ရခဲ့ပြန်ပါတယ်။ အဓိက ကစားသမားတွေကို အနားပေးလာခဲ့တဲ့ လိုက်ပ်ဇစ်အသင်းဟာ ဖရန့်ဖတ်အသင်းရဲ့ ၂ဂိုး ဂိုးမရှိနဲ့ ဦးဆောင်မှုကို ခံရပြီးနောက်မှာ တီမိုဝါနာ ဒန်နီအိုလ်မိုတို့ကို ထည့်သွင်းလာခဲ့ပါတယ်။ အဲ့ဒီလူစားဝင် ကစားသမားတွေထဲကမှ အိုလ်မိုက ချေပဂိုး ရယူပေးနိုင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ ဖရန့်ဖတ်က ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူခဲ့လို့ ပြီးခဲ့တဲ့ရာသီ ပိုကယ်ဖလားဖိုင်နယ်အထိ တတ်လှမ်းထားတဲ့ လိုက်ပ်ဇစ်တို့ ဒီနှစ််မှာ ကွာတားနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။