MySport Myanmar

အာဆင်နယ်က သူ အနှစ်သက်ဆုံးနဲ့ ပါဝင်ကစားချင်ဆုံး အသင်းလို့ ဒိန်းမတ် တိုက်စစ်မှူး ပြောဆို

ဘွန်ဒစ်လီဂါကလပ် ဝုလ်ဗ်ဘတ်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်ကစားသမား ဂျိးနပ်စ်ဝင်းဒ်က သူဟာ အာဆင်နယ်အသင်းကို အလွန် နှစ်သက်သူဖြစ်ကြောငင်း ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အာဆင်နယ်အသင်းတို့မှာလည်း ပါဝင်ကစားချင်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

Photo Credit : Bundesliga

ဒိန်းမတ်ထိပ်သီးကလပ် ကိုပင်ဟေဂင်အသင်းမှာ ၂၀၁၂ခုနှစ်ကတည်းကနေ စတင် ပါဝင်ကစားခဲ့တဲ့ အသက်(၂၃)နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်ကစားသမား ဝင်းဒ်ဟာ ပြီးခဲ့တဲ့ ဇန်ဝါရီလမှာပဲ ဘွန်ဒစ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ ဝုလ်ဖ်ဘတ်အတွက် ပြိုင်ပွဲစုံ (၁၆)ပွဲ ကစား (၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ကိုပင်ဟေဂင်ကနေ ဝုလ်ဖ်ဘတ်ကို ပြောင်းရွှေ့ထားတာက လပိုင်းလောက်သာ ရှိနေသေးပေမယ့် တိုက်စစ်မှူးဝင်းဒ်က သူ့အနေနဲ့ သူ နှစ်သက် သဘောကျရတဲ့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖို့က သူ့အတွက် အိမ်မက်ပန်းတိုင်တစ်ခု ဖြစ်နေတယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းနဲ့ ပတ်သတ်ပြီး ဂျိုးနပ်စ်ဝင်းဒ်က “အနာဂတ်ကို လှမ်းကြည့်လိုက်မယ်ဆိုရင် အာဆင်နယ်အသင်းက ကျွန်တော့်အတွက် အမြဲတမ်း အကြိုက်ဆုံးအသင်း ဖြစ်နေတာကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ကစားဖို့က ကျွန်တော်ရဲ့ အိမ်မက်ပန်းတိုင်တစ်ခု ဖြစ်လာမှာပါ။ ယေဘုယျအားဖြင့်တော့ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အမှတ်ပေးလိဂ်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီမှာ ပါဝင်ကစားရတာက စိတ်လှုပ်ရှားစရာကောင်းလိမ့်နေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီလို ပြောဆိုမှုတွေ ရှိနေပေမယ့် ဝင်းဒ်က လက်ရှိ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ဝုလ်ဖ်ဘတ်ကို ပြောင်းရွှေ့လာကတည်းက ဒီအသင်းမှာသာ ပျော်ရွှင်နေကြောင်းနဲ့ လတ်တလောမှာလည်း အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိကြောင်းကို ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ဝင်းဒ်က “ဒါပေမယ့် ဒါ(အာဆင်နယ်ကို ပြောင်းရွှေ့ချင်တယ်ဆိုတဲ့ စကား)က အခုလက်ရှိမှာ ကျွန်တော် အာရုံစိုက်နေတာ အရာမဟုတ်ပါဘူး။ ကျွန်တော် ဝုလ်ဖ်ဘတ်မှာ ကောင်းကောင်း ကစားနေပါတယ်။ ဝုလ်ဖ်ဘတ်က ကျွန်တော့်အတွက် အသင်းကောင်း တစ်သင်းပါ။ နောက်ပြီး ဘွန်ဒစ်လီဂါကလည်း ပါဝင်ကစားဖို့ကောင်းတဲ့ ထိပ်တန်းလိဂ်တစ်ခုပါ” လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ဝင်းဒ်ဟာ တံကောက်ကြောဒဏ်ရာ ရရှိနေတာကြောင့် ဝုလ်ဖ်ဘတ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေရပါတယ်။

Exit mobile version