စပိန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကတော့ သူတို့အသင်းရဲ့ ပြင်သစ် လူငယ် တောင်ပံ ကစားသမား ဒမ်ဘီလီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး လာမယ့် သီတင်းပတ် အတွင်းမှာ ဒမ်ဘီလီရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တော့မှာ ဖြစ်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ၂၀၁ရခုနှစ်မှာ ဒမ်ဘီလီကို ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၁၃ဝသန်းနဲ့ ခေါ်ယူကာ ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဒမ်ဘီလီရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ငွေကြေးများစွာ အကုန်ခံကာ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ဒမ်ဘီလီဟာ လက်ရှိအချိန် အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းကို ထုတ်ပြနိုင်ခဲ့ခြင်း မရှိသလို ဒဏ်ရာ ပြသာနာတွေနဲ့လည်း မကြာခဏ ဆိုသလို ကြုံတွေခဲ့ရသူ တစ်ဦးပါ။ ဒါ့ကြောင့် ဘာစီလိုနာ အသင်းဟာ အသင်းအတွက် ဒမ်ဘီလီ တစ်ယောက် ခြေစွမ်းပြ ကစားနိုင်မယ့် အချိန်ကို စောင့်မျှော်နေသလို မက်ဆီ မရှိတော့မယ့် အနာဂတ်မှာ ဒမ်ဘီလီဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ် လို့ ယုံကြည် ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ကြောင့် ဒမ်ဘီလီနဲ့ ပတ်သတ်ပြီး ဘာစီလိုနာအသင်းရဲ့ စိုးရိမ်မှုတွေဟာ ရုတ်တရတ် မြင့်တက်လာခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါသတင်း ကတော့ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ဒမ်ဘီလီကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဆိုပါ သတင်းဟာ ယုံကြည်ရတဲ့ သတင်းထောက်တွေဆီက ကြားရတဲ့ သတင်းဖြစ်တာကြောင့် အဆိုပါ သတင်းကို ကြားပြီးပြီးချင်းမှာပဲ ဘာစီလိုနာ အသင်းက ဒမ်ဘီလီရဲ့ စာချုပ်သစ်ကိစ္စကို ဆွေးနွေးဖို့ အတွက် ဒမ်ဘီလီရဲ့ အေးဂျင့်ကို ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်ရမှာကို အတော်လေး စိုးရိမ်နေပြီး စာချုပ်သစ် ဆွေးနွေးမှုတွေသာ မအောင်မြင်ခဲ့ရင် ဒမ်ဘီလီကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။