ဆီနီေဂါ လက္ေ႐ြးစင္ တိုက္စစ္မႉး ဒမ္ဘာဘာက (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆုကို ဆီနီေဂါ လက္ေ႐ြးစင္ ေတာင္ပံ ကစားသမား မာေနးသာ ရသင့္တယ္လို႔ ယုံၾကည္ေနၿပီး သူက မာေနးရဲ႕ ရလဒ္ကို မက္ဆီ ယူရင္ေတာင္ မက္ဆီပဲ ရမွာပါလို႔ ေဝဖန္လိုက္ပါတယ္။ လီဗာပူးလ္ ေတာင္ပံ ကစားသမား မာေနးဟာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆု အဆင့္ သတ္မွတ္ခ်က္မွာ ထိပ္သီး အဆင့္ (၃) ေနရာအတြင္း မဝင္ႏိုင္ခဲ့ဘဲ အဆင့္ (၄) ေနရာနဲ႔သာ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။

Photo Credit: Dailymail

ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီဟာ လာလီဂါ ဆုဖလားကို (၁၀) ႀကိမ္ေျမာက္ ရရွိခဲ့ၿပီး ဘာစီလိုနာအသင္း ပရိသတ္ေတြကို ခ်န္ပီယံလိဂ္ ဆုဖလား ရယူေပးမယ္လို႔ ကတိေပးခဲ့ေပမဲ့ လီဗာပူးလ္အသင္းကသ ခ်န္ပီယံလိဂ္ ဆုဖလားကို ရရွိခဲ့ပါတယ္။ ခ်ဲလ္ဆီး တိုက္စစ္မႉးေဟာင္း ဒမ္ဘာဘာဟာ (၂၀၁၃-၁၄) ရာသီမွာ လီဗာပူးလ္အသင္းကို ဒုကၡလွလွ ေပးခဲ့တဲ့ သူ ျဖစ္ေပမဲ့ သူက (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆုကို မာေနးပဲ ရသင့္ရထိုက္တယ္လို႔ ယုံၾကည္ေနပါတယ္။

Photo Credit: Dailymail

ဒမ္ဘာဘာက “ဒီေန႔ လူေတြက ရလဒ္ကို ၾကည့္လာၾကတယ္။ မာေနးမွာ ဘလြန္းဒီေအာ္ဆုကို ရႏိုင္တဲ့ တစ္ကိုယ္ေတာ္ နဲ႔ အသင္းလိုက္ ရလဒ္ ရွိတယ္လို႔ ကြၽန္ေတာ္ေတာ့ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္ အၿမဲ ေျပာခဲ့သလို တကယ္လို႔ မာေနးရဲ႕ ရလဒ္ကို မက္ဆီက ယူမယ္ ဆိုရင္ေတာင္ မက္ဆီပဲ ဘလြန္းဒီေအာ္ဆုကို ရမွာပါ။ မာေနးက ခ်န္ပီယံလိဂ္ ဖလား နဲ႔ စူပါဖလားကို ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ပူးတြဲ သြင္းဂိုးအမ်ားဆုံး ကစားသမား ျဖစ္ခဲ့ပါတယ္”လို႔ ေျပာပါတယ္။

{Unicode}

ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး ဒမ်ဘာဘာက (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆုကို ဆီနီဂေါ လက်ရွေးစင် တောင်ပံ ကစားသမား မာနေးသာ ရသင့်တယ်လို့ ယုံကြည်နေပြီး သူက မာနေးရဲ့ ရလဒ်ကို မက်ဆီ ယူရင်တောင် မက်ဆီပဲ ရမှာပါလို့ ဝေဖန်လိုက်ပါတယ်။ လီဗာပူးလ် တောင်ပံ ကစားသမား မာနေးဟာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆု အဆင့် သတ်မှတ်ချက်မှာ ထိပ်သီး အဆင့် (၃) နေရာအတွင်း မဝင်နိုင်ခဲ့ဘဲ အဆင့် (၄) နေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လာလီဂါ ဆုဖလားကို (၁၀) ကြိမ်မြောက် ရရှိခဲ့ပြီး ဘာစီလိုနာအသင်း ပရိသတ်တွေကို ချန်ပီယံလိဂ် ဆုဖလား ရယူပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ လီဗာပူးလ်အသင်းကသ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒမ်ဘာဘာဟာ (၂၀၁၃-၁၄) ရာသီမှာ လီဗာပူးလ်အသင်းကို ဒုက္ခလှလှ ပေးခဲ့တဲ့ သူ ဖြစ်ပေမဲ့ သူက (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆုကို မာနေးပဲ ရသင့်ရထိုက်တယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Dailymail

ဒမ်ဘာဘာက “ဒီနေ့ လူတွေက ရလဒ်ကို ကြည့်လာကြတယ်။ မာနေးမှာ ဘလွန်းဒီအော်ဆုကို ရနိုင်တဲ့ တစ်ကိုယ်တော် နဲ့ အသင်းလိုက် ရလဒ် ရှိတယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ ကျွန်တော် အမြဲ ပြောခဲ့သလို တကယ်လို့ မာနေးရဲ့ ရလဒ်ကို မက်ဆီက ယူမယ် ဆိုရင်တောင် မက်ဆီပဲ ဘလွန်းဒီအော်ဆုကို ရမှာပါ။ မာနေးက ချန်ပီယံလိဂ် ဖလား နဲ့ စူပါဖလားကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပူးတွဲ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။