မစ်ဒယ်ဘရော့ ကာဒစ်နဲ့ ရှက်ဖီးယူနိုက်တက်အသင်းတွေရဲ့ နည်းပြဟောင်းဖြစ်သူ နေးလ်ဝါနော့ခ်က စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီအနေနဲ့ မန်ချက်စတာစီးတီးအသင်းမှာသာ ပါဝင်ကစားမယ်ဆိုရင် လက်ရှိပုံစံနဲ့မတူ ကွဲပြားခြားနားတဲ့ ကစားသမားတစ်ဦး ဖြစ်နေမှာဖြစ်လို့ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ကိုယ့်အတွက် သင့်တော်မယ့် ကလပ်အသင်းတစ်ခုကို ပြောင်းရွှေ့ကစားသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Antonio Conte is the latest Spurs manager to be unable to rejuvenate the 25-year-old's career

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား အလီဟာ ဂျိုဆေးမော်ရင်ဟို အန်တိုနီယိုကွန်တီတို့လို ထိပ်တန်းနည်းပြတွေလက်ထက် ပုံမှန်ကစားခွင့်တွေ ရရှိဖို့ ရုန်းကန်နေရပြီး လက်ရှိမှာလည်း သူရဲ့အနာဂတ်က မရေမရာ ဖြစ်နေသလို သူ့ကိုလည်း နယူးကာဆယ်အသင်းကနေ ချိတ်ဆက်လျက် ရှိနေပါတယ်။ ဒီလို အခြေအနေ ရှိနေရတဲ့ အလီအနေနဲ့ ဆောင်းစျေးကွက် အပြောင်းအရွှေ့မှာ အသင်းအပြောင်းအလဲ လုပ်ဆောင်သွားသင့်ပြီး အလီသာ မန်စီးတီးလို အသင်းမျိုးမှာ ကစားနေရမယ်ဆိုရင် အခုအခြေအနေနဲ့ ကွဲပြားခြားနားတဲ့ ကစားသမားတစ်ဦး ဖြစ်နေမှာလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Warnock insists Alli would be a 'different player' if he played for Manchester City

Photo Credit : Daily Mail

အလီနဲ့ပတ်သက်ပြီး ဝါနော့ခ်က “သူထွက်သွားရလိမ့်မယ်။ ဒါပေမယ့် ငါမင်းကို ရိုးရိုးသားသား ပြောရမယ်ဆိုရင် မင်းသာ ဒယ်လီအလီကို မန်စီးတီးအသင်းမှာ ထားကစားလိုက်မယ်ဆိုရင် သူ့ကို မတူကွဲပြားတဲ့ ကစားသမားတစ်ဦးအဖြစ် မင်းမြင်ရလိမ့်မယ်။ သူတို့အသင်းမှာက သင့်တော်တဲ့ နောက်တန်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ စပါးအသင်းကတော့ ခေတ်အဆက်ဆက် သင့်တော်တဲ့ ခံစစ်တန်းမျိုးကို တည်ဆောက်နိုင်ခြင်း မရှိခဲ့ဘူး။ အလီက နံပါတ်(၁၀)နေရာမှာ ကောင်းကောင်းကစားနိုင်သူဖြစ်လို့ သူ့ကို အဲ့ဒီနေရာမှာသာ ထားကစားမယ်ဆိုရင် သူတစ်ခုခု လုပ်ပြနိုင်မှာပါ။ ဒါပေမယ့် သူတို့အသင်းက ဘောလုံးမရသလို ခံစစ်ကို ပြန်ကြည့်နိုင်ဖို့်အတွက် အရာအားလုံးကို တိုက်ပွဲဝင်နေရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းမှာ လုံလောက်တဲ့ ခံစစ်မျိုး ရှိမနေတဲ့အတွက်ကြောင့်ပါပဲ။ ပုံစံအမျိုးမျိုးနဲ့ကို ခံစစ်ကနေ ပေါက်နေရတယ်။ ဒါကြောင့် အလီအနေနဲ့ ဒီအသင်းကနေ ထွက်ခွာသွားသင့်တာ။ သူက ကစားသမားကောင်း တစ်ဦးဖြစ်တာကြောင့် သူ့အတွက် အဆင်ပြေတဲ့ တစ်သင်းသင်းကို သူရှာဖွေတွေ့ရှိမှာပါလို့” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရွိုင်ကိန်းကလည်း အလီအနေနဲ့ သူရဲ့ကစားသမားဘဝကို ပြန်လည်စတင်နိုင်ဖို့ စပါးအသင်းကနေ ထွက်ခွာသင့်တယ်လို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။