ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ စပါးအသင်းကနေ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ လက်ရှိမှာတော့ အဲဗာတန် ကစားသမားအဖြစ် လပိုင်းလေးသာ ဖြတ်သန်းနေရချိန်မှာ အဲဗာတန်ဘက်က သူ့ကို အသင်းကနေ ပြန်လည်ရောင်းချသွားဖို့အထိပါ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

Dele Alli completes deadline day move from Tottenham to Everton | Marca

Photo Credit : Marca

အသက်(၂၅)နှစ်အရွှယ်ရှိ ကွင်းလယ်လူ အလီဟာ စပါးအသင်းမှာ ၂၀၁၅ခုနှစ်ကနေ ပါဝင်ကစားခဲ့ပေမယ့်လည်း နည်းပြကွန်တီလက်အောက်မှာ နေရာရဖို့ မလွယ်ကူတော့တာကြောင့် ဆောင်းစျေးကွက်ထဲမှာပဲ အဲဗာတန်အသင်းဆီကို ပေါင်သန်း(၄၀) (၂)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်နည်းပြသစ် ဖရန့်လမ်းပတ်နဲ့ လက်တွဲလိုတာကြောင့် အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တဲ့ အလီဟာ လမ်းပတ်လက်အောက်မှာ ပရီးမီးယားလိဂ်ရော အက်အေဖလားပွဲတွေမှာပါ တစ်ပွဲမှ ပွဲထွက်ကစားရခြင်းမရှိပဲ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်နေရပါတယ်။

Dele Alli To Everton Has Been Named Worst Signing Of The Season

Photo Credit : SPORTbible

ဇန်နဝါရီလမှ မာဆေးဆိုက်ကို ရောက်ရှိလာခဲ့တဲ့ နည်းပြလမ်းပတ်နဲ့ ကစားသမားသစ် အလီတို့ဟာ အဲဗာတန်အသင်းအတွက် အားစရာကောင်းတဲ့ အပြောင်းအလဲတွေလို့ သတ်မှတ်ခဲ့ကြသလို အလီကိုယ်တိုင်ကလည်း လမ်းပတ်က သူရဲ့ကစားသမားဘဝကို ပြန်လည်မြင့်တတ်ပေးနိုင်မယ်လို့ ယုံကြည့်ခဲ့ပေမယ့်လည်း အလီကိုယ်တိုင်က အသင်းမှာ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရရှိနေသလို လမ်းပတ်ကလည်း အသင်းကို ရလဒ်ကောင်းအောင် မစွမ်းဆောင်ပေးနိုင်ပဲ ရုန်းကန်နေရပါတယ်။ အဲဗာတန်အသင်းအတွက် (၁၆၉)မိနစ်သာ ပါဝင်ထားခဲ့ရပြီး လမ်းပတ် အထင်ကြီးသွားလောက်အောင် မကစားပြနိုင်သေးတဲ့ အလီကို အခုအခါမှာတော့ အသင်းဘက်ကနေ ပြန်လည်ရောင်းထုတ်သွားဖို့အထိပါ စဉ်းစားလာခဲ့တယ်လို့ The Mirror က ဖော်ပြလာခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ အလီကို စပါးအသင်းကနေ ခေါ်ယူခဲ့စဉ်တုန်းက တစ်ပြားတစ်ချပ်မှ မပေးချေခဲ့ရပေမယ့် အလီရဲ့ စွမ်းဆောင်ရည်တွေအပေါ်မှာ မူတည်ပြီိး ပေါင်သန်း(၄၀)အထိ ပေးချေသွားမယ်လို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလီလည်း ခြေစွမ်းမပြနိုင်တဲ့အပြင် အဲဗာတန်အသင်းကပါ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားနိုင်တဲ့ အနေအထားမျိုးကိုပါ ရောက်ရှိနေတာဖြစ်လို့ လက်ကျန်ပွဲတွေအားလုံးမှာ အမှတ်တွေ ရသလောက် စုဆောင်းရဖွယ် ရှိနေပါတယ်။