တစ်ချိန်က လီဗာပူးလ်အသင်းမှာ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးကြတဲ့ နောက်ခံလူ ဒီဂျန်လိုဗရန်နဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာတို့ဟာ လက်ရှိ ကျင်းပနေပြီဖြစ်တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်ဦးစလုံး ယှဉ်ပြိုင်ခွင့်မရှိပဲ ဆာဒီယိုမာနေးရဲ့ ဆီနီဂေါအသင်းကို အရေးနိမ့်ခဲ့ရတဲ့ ဆာလာရဲ့အီဂျစ်က ကမ္ဘာ့ဖလားနဲ့ လွဲချော်ထားခဲ့ရပါတယ်။

Dejan Lovren(left) has joked that former teammate Mo Salah(right) is jealous that he is at the World Cup

Photo Credit : Daily Mail

ဆာလာက သူရဲ့လီဗာပူးလ်အသင်းဖော်ဟောင်း မာနေးနဲ့ တကယ့်ကို အရေးပါလှတဲ့ ပွဲစဉ်ကြီး(၂)ခုကို ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲမှာလည်း ရှုံးနိမ့်ခဲ့သလို ကမ္ဘာ့ဖလားအတွက် နောက်ဆုံး ခြေလှမ်းတစ်ခုဖြစ်တဲ့ ခြေစစ်ပွဲမှာပါ ထပ်မံ ရှုံးနိမ့်ခဲ့ရတဲ့အတွက် အခုလို ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဆာလာလို ထိပ်တန်း ဘောလုံးသမားတစ်ဦးကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မြင်တွေ့ခွင့် မရတော့တာက ဘောလုံးပရိသတ်တွေအတွက် အားမရစရာ တစ်ခုလို ဖြစ်နေမှာ သေချာနေသလို ဆာလာရဲ့ အရင်းနှီးဆုံး မိတ်ဆွေဟောင်း အသင်းဖော်ဟောင်း လိုဗရန်ကလည်း စိတ်မကောင်းမိကြောင်း ဟာသနှောပြီးပါ ပြောဆိုလာခဲ့ပါတယ်။

Salah's Egypt were defeated by former Liverpool teammate Sadio Mane's Senegal in qualifying

Photo Credit : Daily Mail

လိုဗရန်က သူ့အသင်းဖော် ဆာလာနဲ့ ပတ်သတ်ပြီး “သူ ကျွန်တော့်ကို မနာလို ဖြစ်နေမှာ ရာနှုန်းပြည့် သေချာတယ်”လို့ နောက်ပြောင်ခဲ့ပြီးနောက် “သူက ကျွန်တော့်ကို အားပေးသွားမယ်လို့ ပြောတယ်။ ဒီလို ကြားရတာ ဝမ်းသာပါတယ်။ အပွင့်လင်းဆုံးပြောရရင် သူတို့အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့အပေါ် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။ သူက ဒီပြိုင်ပွဲကြီးကို ပါဝင်ခွင့်ရဖို့ အတော်လေး နီးစပ်ခဲ့သေးတာ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဆာဒီယိုတို့ အသင်းက ပိုကောင်းသွားခဲ့တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ လိုဗရန်ရဲ့ နောက်ထပ် လီဗာပူးလ် အသင်းဖော်ဟောင်းတစ်ဦးဖြစ်သူ ဆာဒီယိုမာနေးဟာလည်း သူ့ ဆီနီဂေါအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဆင်နွဲခွင့်ရအောင် ထမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း သူကိုယ်တိုင်ကတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒဏ်ရာပြသာနာကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲသွားခဲ့ရပါတယ်။ လိုဗရန်ကတော့ သူ့ ခရိုအေးရှားအသင်းနဲ့ ၂၀၂၀ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘယ်လ်ဂျီယံ ကနေဒါ မော်ရိုကိုအသင်းတွေနဲ့အတူ အုပ်စု(F)တွင် ကျရောက်နေပြီး အာဖရိက ကိုယ်စားပြု မော်ရိုကိုအသင်းနဲ့ စတင် ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။