ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းသွားခဲ့ရတဲ့ ဝက်ဖို့ဒ်အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဖြစ်လည်း အသင်းခေါင်းဆောင် ဒီနေး ကတော့ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ပိုင်း ဆိုးရွားမှုတွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅နေရာ အထိ ရောက်ရှိနေတဲ့ လန်ဒန်မြို့ အခြေစိုက် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်တိုက်ပွဲ ဝင်ရတဲ့ အထိ အခြေအနေ ဆိုးသွားနိုင်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲမှာ တစ်သင်း အပါအဝင် ဖြစ်တဲ့ အာဆင်နယ် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ ခြေစွမ်းတွေနဲ့ အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁၅နေရာ အထိ ရောက်ရှိ နေပြီး ဒီဇင်ဘာ ပွဲကျပ်ကာလ မတိုင်မီ နိုင်ပွဲတွေ ရရှိဖို့ လိုအပ်နေပါတယ်။

Photo Credit: Mirror

အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲမှာ တစ်ပွဲမှ အနိုင်မရခဲ့ပဲ သရေတစ်ပွဲ ရှုံးပွဲ သုံးပွဲ ကြုံတွေ့ခဲ့ရကာ အမြင့်ဆုံး ၁၂မှတ်အထိ ရနိုင်တဲ့ အနေအထားမှာ ရမှတ် ၁မှတ်သာ စုဆောင်း နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ ကစားရမယ့် ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှ စတင်ကာ ၁၃ရက်အတွင်း ၅ပွဲအထိ ကစားရမယ့် ပွဲကျပ် ကာလကို ဖြတ်သန်းရဦးမှာ ဖြစ်ကာ အဆိုပါ ပွဲကျပ်ကာလ အတွင်းမှာ ဆောက်သမ်တန် ၊ အဲဗာတန် ၊ ချယ်လ်ဆီးတို့လို လက်ရှိရာသီမှာ ပုံစံကောင်း ရနေတဲ့ အသင်းတွေကို ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ယနေ့ညမှာ ကစားရမယ့် ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်း ရရှိဖို့ လိုအပ်နေပါတယ်။ ဒီနေး ကတော့ အာဆင်နယ် အသင်းရဲ့ လက်ရှိပုံစံဟာ အတော်လေးကို ဆိုးရွားနေပြီး ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းကို ကြောက်ရွံ့တဲ့အသင်း မရှိတော့ဘူးလို့ ဆိုသွားပါတယ်။

Photo Credit: Mirror

အာဆင်နယ် အသင်းရဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ဒီနေးက “အာဆင်နယ် အသင်းက အခုချိန် အထိ ပျော့ပြောင်းတဲ့ အသင်းတစ်သင်း ဖြစ်နေဆဲပါ။ ဒါပေမယ့် သူတို့အသင်းရဲ့ ပျော့ပြောင်းပုံက တခြားအသင်းတွေနဲ့ မတူပါဘူး။ ခင်ဗျားက သူတို့အသင်းကို ကြံ့ခိုင်မှုအရ ခြိိမ်းခြောက်မှု မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူတို့က ခင်ဗျားကို အမြဲတမ်း အခွင့်အရေးတွေ ပေးလေ့ ရှိပါတယ်။ ဘန်လေအသင်းက သူတို့ဟာ မနက်ဖြန်မှာ အမ်းမရိတ်ကွင်းထဲကို အနိုင်ရနိုင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လာပါလိမ့်မယ်။ သူတို့က အာဆင်နယ် အသင်းရဲ့ တည်ကန်ဘော အားနည်းချက်ကို အသုံးချပြီး အာဆင်နယ် အသင်းကို အနိုင်ယူနိုင်ဖို့ ကြိုးစားလာမှာပါ။ တကယ်လို့ အာဆင်နယ် အသင်းကသာ အဲ့ဒီပွဲမှာ ရှုံးနိမ့်သွားရင် သူတို့အသင်းက တန်းဆင်းဇုန်ထဲ ကျရောက်သွားမှာ ဖြစ်ပြီး တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲ ရနိုင်ပါတယ်။ ပြီးတော့ အာတီတာကလည်း ဒုက္ခရောက်နိုင်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

https://youtu.be/HVV5uRAmVO0