ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်သူ ဒေးဗစ် မိုရက်စ်ကတော့ သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သူ လူငယ် ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ်ကို သူတို့အသင်း အနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချသွားရဖွယ်ရှိတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

အသက်၂၁နှစ်အရွယ် ဒီကလန်ရိုက်စ်ဟာ လက်ရှိဘောလုံးရာသီမှာ တန်းဆင်းဇုန်အတွင်း ကျရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ကစားပေးထားသလို ခြေစွမ်းအပြနိုင်ဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းသာ တန်းဆင်းသွားရပါက အသင်းမှ ထွက်ခွာနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

လက်ရှိအချိန်မှာတော့ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့အတ​ွက် မန်ချက်စတာမြို့အခြေစိုက် အသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြတာဖြစ်ပြီး ဒီကလန်ရိုက်စ်ရဲ့ တန်ကြေးကိုလည်း ပေါင်၅၀သန်း ဝန်းကျင်အဖြစ် သတ်မှတ် ထားကြတယ်လို့လည်း အင်္ဂလန်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Photo Credit: Metro.com

ဒီကလန်ရိုက်စ်ကို ဆုံးရှုံးရဖွယ်ရှိတဲ့ အကြောင်းကို မိုရက်စ်က ” ကျွန်တော့်အတွက် လက်ရှိ အင်္ဂလန်မှာ ဘောလုံးကိုင်ကစားနိုင်တဲ့ ကွင်းလယ်လူတွေထဲမှာ ရိုက်စ်က အကောင်းဆုံးပါပဲ။ သူဟာ တစ်နေ့ထက်တစ်နေ့ ပိုပို ကောင်းလာသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ အင်အားကို ချိန်ညှိတဲ့အချိန်မှာ ကစားသမားတွေကို ရောင်းထုတ်ရတတ်ပါတယ်။ ဒီလိုကိစ္စမျိုး ဒီကလန်ရိုက်စ်မှာ မဖြစ်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ” လို့ ပြောဆိုခဲ့တာပါ။