မကြာသေးမီကမှ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဒီဇာဘီကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် စပါးနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စပါးဟာ လိဂ်ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတသင်း ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ရှက်တာဒိုးနက် နည်းပြဟောင်း ဒီဇာဘီက ဘရိုက်တန်ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြ ဂရေဟမ် ပေါ်တာရဲ့ နေရာကို အစားဝင်လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ဘရိုက်တန်က အဝေးကွင်းမှာ လီဗာပူးကို ၃-၃ ရလဒ်နဲ့ သရေကျအောင် ကစားထားနိုင်သလို ကစားကွက်ပိုင်းလည်း ကောင်းမွန်နေပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ အီတလီ နာမည်ကြီးနည်းပြ ကွန်တီ ကိုင်တွယ်နေတဲ့ စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၉) အပြီးမှာ အမှတ်​ေပေးဇယားရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၄မှတ်သာ ကွာဟနေတာကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းတသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီဇာဘီနဲ့ ကွန်တီတို့ နှစ်ဦးစလုံးဟာ အီတလီသားတွေ ဖြစ်တာကြောင့် ကွန်တီက ဒီဇာဘီ တယောက် ဘရိုက်တန်ဆီ စတင် ရောက်ရှိကာစမှာ အင်္ဂလန်မြေနဲ့ အသားကျအောင် အနည်းငယ် ကူညီပေးခဲ့ဖူးပြီး စပါးနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ဒီဇာဘီက ကွန်တီရဲ့ စပါးဟာ ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းတသင်း ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: The Sun

ဒီဇာဘီက – “ကျွန်တော်ကတော့ စပါးဟာ ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ မြင်ပါတယ်။ အင်္ဂလန်မှာ ချန်ပီယံ ဖြစ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီလိဂ်မှာ မန်ချက်စတာ စီးတီး ၊ လီဗာပူးနဲ့ ချယ်လ်ဆီးတို့လို အသင်းကောင်းတွေ ရှိနေတာကြောင့်ပါ။ ဒါပေမယ့် စပါးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေကို ဝယ်ယူခဲ့သလို အန်တိုနီယိုရဲ့ (ကွန်တီ) လက်အောက်မှာ ရှိနေတာကလည်း ၁နှစ် ရှိနေပါပြီ။ ဒါကြောင့် စပါးက ချန်ပီယံဆုကို ရယူနိုင်စွမ်း ရှိတယ်လို့ မြင်ပါတယ်” ဆိုပြီး သုံးသပ် ချီးကျူးသွားခဲ့တာပါ။