ဘရိုက်တန်အသင်း နည်းပြဖြစ်သူ ရောဘတ်တို ဒီဇာဘီက ကစားသမားကောင်းတွေကို ရောင်းချပြီး ဟန်မပျက် ပြန်လည် ရပ်တည်နိုင်တာဆိုလို့ သူတို့ ဘရိုက်တန် တစ်သင်းတည်းသာ ရှိတယ်လို့ ကြွေးကြော် ပြောကြားလိုက်ပါတယ်။

ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းဟာ ဒီနွေဈေးကွက်အတွင်း ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မွိုက်စ် ကိုင်စီဒို ၊ အလက်ဆစ် မက်အယ်လစ္စတာ နဲ့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်တို့လို ကစားသမားကောင်းတွေကို ရောင်းချခဲ့ရပါတယ်။

Photo Credit : Transfermarket

ဒါပေမယ့် ဘရိုက်တန်ဟာ ကစားသမားကောင်းတွေ ဘယ်လိုပဲ ရောင်းချရောင်းချ နောက်ထပ် ကစားသမားကောင်းတွေ ပြန်လည် ဖြည့်တင်းနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ထဲ အဆင့် (၈)နေရာထိ ရပ်တည်ထားသလို ယူရိုုပါလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခွင့် ရရှိထားပါတယ်။

ဒီလို အခြေအနေနဲ့ ပတ်သက်ပြီး ဘရိုက်တန်နည်းပြ ဒီဇာဘီက “ပြီးခဲ့တဲ့ နွေရာသီတုန်းက အသင်းအတွက် အရေးပါလှတဲ့ ကစားသမား (၃)ယောက်ကို လက်လွတ် ဆုံးရှုံးထားရတဲ့ အသင်းဆိုလည်း တစ်သင်းတည်းသာ ရှိပါတယ်။ အဲ့ဒါက ဘရိုက်တန်ပါပဲ။”

Photo Credit : Sky Sports

“ဒါပေမယ့်လည်း ဒီလိုတွေ လက်လွတ်ထားရချိန်မှာတောင် ကျွန်တော်တို့အသင်းက ပြီးခဲ့တဲ့ ရာသီတွေကလို ပုံစံတူ စွမ်းဆောင်ရည်မျိုး ပြသထားနိုင်ပါတယ်။ တခြား ကလပ်အသင်းတွေဆိုရင် အသင်းက ကစားသမားတွေကို လုံးဝ ရောင်းချလိုခြင်း မရှိပဲ ကစားသမားသစ်တွေသာ ခေါ်ယူကြပါတယ်။”

“ဘရိုက်တန်ကတော့ အသင်းအတွက် အရေးပါတဲ့ ကစားသမား (၃)ဦးကို ရောင်းချပြီးချိန်မှာတောင် ဟန်မပျက်ပဲ ရပ်တည်နိုင်ပြီး ပြီးခဲ့တဲ့ ရာသီကလို စွမ်းဆောင်မှုမျိုး ပြသလျက် ရှိနေပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။