ဘရိုက်တန်အသင်းနည်းပြ ရောဘတ်တို ဒီဇာဘီက လက်ရှိအချိန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကသာ အကောင်းဆုံးသော ကလပ်အသင်းတစ်သင်း ဖြစ်နေကြောင်း သတ်မှတ် ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ် လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့က ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် (၃)သင်းလုံးက အပြိုင်အဆိုင် ဖြစ်နေကြပြီး (၃)သင်းလုံးမှာလည်း ချန်ပီယံ ဖြစ်လာနိုင်မယ့် အခွင့်အရေးတွေက ရှိနေကြပါတယ်။

Photo Credit : Reuters

ဒီအသင်း (၃)သင်းထဲမှာ အာဆင်နယ်အသင်းက ရှုံးပွဲအများဆုံး ဖြစ်နေပေမယ့်လည်း လီဗာပူးလ်နဲ့ မန်စီးတီးတို့ထက် သွင်းဂိုးရော ပေးဂိုးအရေအတွက်တွေမှာပါ အသာရလို့နေပြီး ဂိုးကွာခြားချက်ကလည်း အတော်လေး ပြိုင်ဘက်(၂)သင်းလုံးထက် သာလွန်လျက် ရှိနေရပါတယ်။

ဒီနေ့မှာတော့ အာဆင်နယ်က ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်ကို သွားရောက်ကစားရတော့မှာဖြစ်ပြီး ဘရိုက်တန်ဟာလည်း အာဆင်နယ်ကို အမြဲဒုက္ခပေးနေတဲ့ အသင်းဖြစ်ပေမယ့်လည်း နည်းပြဒီဇာဘီကတော့ အာဆင်နယ်ကို ချီးကျူးစကားတွေသာ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

“အာဆင်နယ်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းဆိုတာ ဟုတ်ပါတယ်။ လီဗာပူးလ်အသင်းဟာလည်း မတူကွဲပြားတဲ့ စတိုင်တွေ ကာရိုက်တာတွေနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။ စီးတီးနဲ့ အာဆင်နယ်တို့ကတော့ ကစားဟန်ချင်း ဆင်တူကြပေမယ့်လည်း”

“အာဆင်နယ်ရဲ့ ကစားပုံက ပိုကောင်းတယ်လို့ ကျွန်တော် ထင်မိပါတယ်။ သူတို့နဲ့ ကစားရတာက အရမ်းခက်ခဲတယ်။ ဒီလို ဘာလို့ပြောရလဲဆိုတာ ခင်ဗျားတို့ နားလည်ပါလိမ့်မယ်။ သူတို့က လီဗာပူးလ်ကို (3-1)နဲ့ အနိုင်ရထားခဲ့သလို မန်စီးတီးကိုလည်း အနိုင်ယူထားတယ်။ ချန်ပီယံလိဂ်မှာဆိုရင်လည်း အကောင်းဆုံးတွေ လုပ်ဆောင်ထားနိုင်တယ်။” လို့ ချီးမွှမ်း ပြောဆိုသွားခဲ့ပါတယ်။