ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကာစးသမား ပေါ်လိုဒီဘားလားနဲ့ ဝါရင့်နောက်ခံလူကြီး ချီလီနီတို့နှစ်ဦးကို လာမယ့်နွေမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပြုရတော့မှာ ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က အလိုရှိနေတဲ့ အသင်းရဲ့ နယ်သာလန် နောက်ခံကစားသမား ဒီလစ်ကိုတော့ စာချုပ်သက်တမ်းတိုးပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ စီစဉ်နေပါတယ်။

Matthijs De Ligt 'ready' to leave Juventus next summer amid Chelsea  interest - Paper Round - Eurosport

Photo Credit : Eurosport

အသက်(၂၂)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဒီလစ်ဟာ ၂၀၁၉ခုနှစ်ကမှ အေဂျက်စ်ကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ (၃)ရာသီ ဖြတ်သန်းပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ (၁၁၅)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ခံစစ်မှူးဖြစ်သလို Golden Boy ဆုပါ ရရှိထားသူဖြစ်တဲ့ ဒီလစ်ကို သူရဲ့ ဆရာသမားဟောင်း အဲရစ်တန်ဟက်ဂ်က ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေသလို လာမယ့်နွေမှာ ရူဒီဂါ ခရစ္စတန်ဆန်တို့လို နောက်ခံလူတွေ ဆုံးရှုံးရတော့မယ့် ချယ်လ်ဆီးအသင်းကပါ ဒီလစ်ကို ပစ်မှတ်ထားနေပါတယ်။

Juventus will also discuss De Ligt's future while talking to Pogba's  representatives -Juvefc.com

Photo Credit : Juvefc

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဒီလစ်ကို ဂျုဗင်တပ်စ်အသင်းက အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားဖို့ စီစဉ်လာခဲ့သလို လာမယ့် ၂၀၂၄ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် ဒီလစ်ရဲ့ စာချုပ်ကိုပါ ၂၀၂၆ခုနှစ်အထိ ထပ်မံသက်တမ်းတိုးသွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။ အပြောင်းအရွှေ့သတင်းဆိုင်ရာ အကျော်အမော် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျုဗင်တပ်စ်အသင်းက ဒီလစ်ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ဆွေးနွေးမှုတွေကလည်း တိုးတတ်ကောင်းမွန်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ ဗဟိုခံစစ်ပိုင်းမှာ ချီလီနီ ဒီလစ် ဘနူချီနဲ့ ရူဂါနီတို့ (၄)ဦးကို ပိုင်ဆိုင်ထားပေမယ့် ဝါရင့်ကစားသမားကြီး ချီလီနီက လာမယ့်နွေမှာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်လို့ အသင်းရဲ့ ခံစစ်တန်းမှာ ဘနူချီနဲ့ ဒီလစ်တို့ အတွဲအဖက်ကို ဆက်လက်ထိန်းထားဖို့ စီစဉ်လာခဲ့သလို အသက်အရွှယ်အရ (၂၂)နှစ်သာ ရှိနေသေးတဲ့ ဒီလစ်ကိုလည်း ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ထပ်တိုးချင်နေတာ ဖြစ်ပါတယ်။ ဒီလစ်ကို သက်တမ်းတိုးပြီးသွားရင်တော့ ဂျုဗီအနေနဲ့ back-up ခံစစ်မှူးတစ်ဦး ရှိနေဖို့အတွက် နွေစျေးကွက်အတွင်း ခံစစ်ကစားသမားသစ် တစ်ဦးကို ထပ်မံခေါ်ယူသွားဖွယ် ရှိနေပါတယ်။