MySport Myanmar

အကြွေးတွေ ရပြီးရင် မန်ယူဆီ ပြောင်းလာမယ်လို့ တန်ဟက်ဂ်ကို ကတိပေးခဲ့တဲ့ ဒီဂျောင်

စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကတော့ သူ့ရဲ့ လက်ရှိကလပ် ဘာစီလိုနာဆီကနေ သူ ရမယ့် လစာအကြွေးတွေ ရပြီးရင် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာမယ်လို့ သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ်ကို ကတိပေးခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က အေဂျက်ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားနေနိုင်ပေမယ့် ဘာစီလိုနာက သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာကို မပေးချေချင်တော့တာကြောင့် အသင်းမပြောင်းချင်ရင် လုပ်ခလစာ လျှော့ယူရမယ်လို့ အတင်းအကျပ် တောင်းဆိုထားသလို လုပ်ခလစာ မလျှော့ယူရင်တော့ အသင်းပြောင်းရမယ်လို့ သတိပေးထားပါတယ်။

Photo Credit: Marca

ဒီဂျောင်ရဲ့ ငယ်ဘဝ အိမ်မက်ကလပ်က ဘာစီလိုနာ ဖြစ်တာကြောင့် ဒီဂျောင်က ဘာစီလိုနာမှာသာ ဆက်လက် ကစားဖို့ ဆန္ဒရှိခဲ့ပေမယ့် ဘာစီလိုနာရဲ့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ လုပ်ရပ်တွေကြောင့် အသင်းမှာ ဆက်နေဖို့ထက် ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဂျောင်နဲ့ သူ့ရဲ့ အေးဂျင့် ဒါဆန်တို့က ဘာစီလိုနာရဲ့ လုပ်ရပ်တွေကို အတော်လေး စိတ်ပျက်နေကြပြီး ဒီဂျောင်ဘက်က ဘာစီလိုနာဆီ ကနေ ရစရာ ရှိတဲ့ လစာအကြွေးတွေကို ချက်ချင်း ပြန်တောင်းနေကြသလို အကြွေးကိစ္စ ဖြေရှင်းပြီးရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ပါ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာက ကိုဗစ်ကာလ အတွင်းမှာ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီဂျောင် အပါအဝင် ဘာစီလိုနာ ကစားသမား အများစုကို လစာငွေတွေ ပေးချေနိုင်ခဲ့ခြင်း မရှိပဲ ဒီဂျောင်က ဘာစီလိုနာဆီ ကနေ လစာ + ဆုကြေးငွေ စုစုပေါင်း ယူရို ၁၇သန်း ဝန်းကျင် ရရှိရန် ကျန်နေသေးကြောင်းလည်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဖော်ပြထားပါတယ်။

Exit mobile version