စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က နာမည်ကျော် အေဂျက်အကယ်ဒမီထွက် ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်ပြီး ဘာစီလိုနာနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဒီဂျောင်ဟာ အေဂျက်ကနေ ဘာစီလိုနာထံ ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အသင်းနဲ့ ကာလရှည် စာချုပ်တရပ် ရှိနေပေမယ့် ဘာစီလိုနာက သူတို့ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရမယ့် ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းထုတ်ချင်နေပါတယ်။

ကနဦးမှာတော့ ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခါးခါးသီးသီး ငြင်းဆန်ခဲ့ပေမယ့် ဘာစီလိုနာဘက်က သူ့ကို အသင်းရဲ့ အနာဂတ် စီမံကိန်းထဲမှာ ထည့်သွင်းထားခြင်း မရှိကြောင်းကို သိရှိသွားချိန်မှာတော့ ဘာစီလိုနာကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်း စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: Sky Sports

အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ The Athletic သတင်းဌာနကလည်း ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ မီးစိမ်းပြလိုက်ကြောင်းကို အတည်ပြုပေးထားပြီး ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရန်သာ လိုအပ်တော့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး ဘာစီလိုနာကတော့ ဒီဂျောင်အတွက် အသားတင် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော် လိုချင်နေတာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်ရင် အနည်းငယ် ညှိနှိုင်းဖို့ လိုအပ်ပါသေးတယ်။