မန်ယူအသင်းရဲ့ဂန္တဝင် ဂိုးသမားဟောင်း ဗန်ဒါဆားက မန်ယူ ဂိုးသမား ဒီဂီယာအနေနဲ့ အမှားတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အရင်က လက်စွမ်းပြခဲ့သလို လက်စွမ်းပြန်ပြနိုင်လိမ့်မယ်လို့ ပြောသွားခဲ့ပြီး မန်ယူ ဂိုးသမား ဟန်ဒါဆန်ရဲ့ တိုးတတ်မှုကိုလည်း အထင်ကြီးမိတယ်လို့ ပြောကြားသွားပါတယ်။ မန်ယူအသင်းရဲ့ အဓိက ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ ရာသီမှာ အမှားတွေ ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့ နေရာကို ဂိုးသမား ဟန်ဒါဆန်က လုယူနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ဂိုးသမား ဟန်ဒါဆန်က ရှက်ဖီးလ်အသင်းမှာ အငှားနဲ့ သွားကစားခဲ့စဉ်က လက်စွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ရှက်ဖီးလ်ယူနိုက်တက်အသင်းမှာ အငှားနဲ့ သွားကစားခဲ့တဲ့ အသင်းရဲ့ ဂိုးသမား ဟန်ဒါဆန်ကို စာချုပ်သစ် ထပ်တိုးခဲ့တာ ဖြစ်ပြီး ဟန်ဒါဆန်ကလည်း စာချုပ်သစ် ထပ်တိုးခဲ့ပြီးတဲ့နောက် မန်ယူအသင်းမှာ နံပါတ်တစ် ဂိုးသမား ဖြစ်ချင်တယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ဂိုးသမား ဟန်ဒါဆန် နဲ့ ဒီဂီယာကို အလှည့်ကျ အသုံးပြုနိုင်ပြီး မန်ယူအသင်းရဲ့ ဂန္တဝင် ဂိုးသမားဟောင်း ဖြစ်သူ ဗန်ဒါဆားကတော့ မန်ယူ ဂိုးသမား ဒီဂီယာဟာ လက်ရှိရာသီမှာ အရင်ကလို လက်စွမ်းပြန်ပြနိုင်လိမ့်မယ်လို့ သတိပေး ပြောသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

Group Chat မှာ မန်ယူအသင်းရဲ့ ဂိုးသမားဟောင်းဖြစ်သူ ဗန်ဒါဆားက “ဟုတ်တာပေါ့။ ဒီဂီယာက လက်စွမ်းပြလာခဲ့ပါတယ်။ သူက ကျွန်တော့်ရဲ့ တာဝန်ကို ဆက်ခံခဲ့စဉ်ကတည်းက သူ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိနိုင်ခဲ့ပါတယ်။ သူက အသင်းအတွက် အလွန် ကောင်းတယ်။ ဆိုးလ်ရှားက အသင်းမှာ ဘယ်လို ပြိုင်ဆိုင်မှု ရှိလဲ ဆိုတာ နဲ့ ဘယ်ဂိုးသမားက နောက်တန်းတွေနဲ့ အကောင်းဆုံး ဖြစ်မလဲ ဆိုတာ ကြည့်ပါလိမ့်မယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ရှက်ဖီးလ်အသင်းမှာ ဟန်ဒါဆန်ရဲ့ တိုးတတ်မှုကို အထင်ကြီးမိပါတယ်။ ဒါပေမယ့် ဒီဂီယာက မန်ယူအသင်းအတွက် လက်စွမ်းပြနိုင်ပါတယ်။ သူ အမှား အချို့တွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်လည်း အမှားတွေ ပြုလုပ်ခဲ့ပါတယ်။ ကစားသမားတိုင်းက အမှားတွေ ပြုလုပ်ကြတယ်။ ဒီဂီယာက မန်ယူအသင်းအတွက် အားအင် တစ်ခု ဖြစ်မယ်လို့ ပြောရဲပါတယ်”လို့ ပြောသွားပါတယ်။