မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ မနေ့ညက ဂွတ်ဒီဆင်ပတ်ခ်ကွင်းမှာ အိမ်ရှင်အဲဗာတန်အသင်းကို တစ်ဂိုးတည်းနဲ့ ရှံးနိမ့်ခဲ့ရတဲ့ ရှုံးပွဲဟာ သူတို့အသင်းအတွက် အရှက်ရစရာ ဖြစ်စေခဲ့ပြီး သူတို့အသင်းဘက်က ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးများပင် မဖန်တီးနိုင်ခဲ့ဘူးလို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။

We are not good enough” – David de Gea labels Manchester United display as 'disgrace' after Everton defeat

Photo Credit : Sportkeeda

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့အတွက်ကိုသာ ပစ်မှတ်ထားနေရတဲ့ ယူနိုက်တက်အသင်းဟာ မနေ့ညက နည်းပြလမ်းပတ်လက်အောက်မှာ ရုန်းကန်နေရပြီး တန်းဆင်းဇုန်နားထိပါ ရောက်ရှိနေရတဲ့ အဲဗာတန်အသင်းနဲ့ ဂွတ်ဒီဆင်ပတ်ခ်ကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရကာ အဲဗာတန် လူငယ်တိုက်စစ်မှူးလေး ဂေါ်ဒွန်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ အခုဆိုရင် လက်စတာကိုသရေ အဲဗာတန်ကို ရှုံးထားခဲ့ရတဲ့ ယူနိုက်တက်ဟာ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ နည်းပါးသွားခဲ့ရပါတယ်။

Photo Credit : Goal

ဒီရှံံးပွဲနဲ့ပတ်သက်ပြီး ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာက “ဒီနေ့ပွဲမတိုင်ခင်ကတည်းက သူတို့တွေ ရုန်းကန်နေခဲ့ရလို့ အခုပွဲက နှစ်သင်းလုံးအတွက် ဘယ်လောက်တောင် ခက်ခဲနေလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ဘူး။ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတောင် မဖန်တီးနိုင်ပါဘူး။ ရိုးရိုးသားသား ပြောရရင်တော့ ဘာပြောရမှန်းကို မသိတာ။ ငါတို့ လုံလောက်မှု မရှိခဲ့တာတော့ သေချာတယ်။ အခုအချိန်မှာ ထိပ်ဆုံး(၄)သင်းထဲ ဝင်ခွင့်ရဖို့က အရမ်းခက်ခဲသွားခဲ့ပါပြီ။ ပြိုင်ဘက်အသင်းကလည်း ပင်ပန်းပြီး စိတ်ပူပန်နေပါတယ်။ ဒါပေမယ့် ဆက်ပြီး တိုက်ပွဲဝင်သွားတယ်။ သူတို့က ကျွန်တော့်ထက်ကို ပိုပြီး နိုင်ပွဲအတွက် ဆန္ဒရှိတယ်။ အဲ့ဒါကိုက လက်ခံနိုင်စရာ မရှိပါဘူး။ ဒီရှုံးပွဲအတွက် အရမ်းဝမ်းနည်းမိရတယ်။ ဒါက ကျွန်တော်တို့အတွက် ရှက်စရာပါပဲ။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရသင့်ပါတယ်” လို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။