မန်ယူအသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သူ ပီတာ ရှမိုက်ကယ်ကတော့ လက်ရှိ မန်ယူအသင်းရဲ့ ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ် ဂိုးသမားတွေထဲက အကောင်းဆုံး ဂိုးသမား တစ်ယောက် ဖြစ်ပြီး မမျှတစွာ ဆက်ဆံခံရတယ်လို့ belN Sports မှာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းမှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို (၄) ကြိမ် ရရှိနိုင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာဟာ လက်ရှိရာသီ (၂၀၁၉-၂၀) ခုနှစ် ကုန်ခါနီး ပွဲစဉ်တွေမှာ အမှားတွေ များခဲ့တာကြောင့် မန်ယူအသင်းရဲ့ ပထမ ဂိုးသမား နေရာကို ဆုံးရှုံးနိုင်ပါတယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

Photo Credit: Goal

ရှက်ဖီလ်ယူနိုက်တက်အသင်းက အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဂိုးသမား ဟန်ဒါဆန်ဟာ လက်ရှိရာသီမှာ မန်ယူအသင်းအတွက် အဓိက ပွဲစဉ်တွေမှာ ပွဲထွက်ကစားခွင့် မရခဲ့ပေမယ့်လည်း ကစားခွင့်ရရှိခဲ့တဲ့ ပွဲစဉ်တွေမှာ လက်စွမ်းပြခဲ့တာကြောင့် အဓိက ဂိုးသမား ဖြစ်လာနိုင်တယ်လို့ ချီးကျူးခံနေရပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သူ ရှမိုက်ကယ်ကတော့ လက်ရှိ မန်ယူ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကသာ လာမယ့် နှစ်များစွာအထိ မန်ယူအသင်းမှာ နံပါတ်တစ် ဂိုးသမား ဆက်ဖြစ်နေဦးမယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ရှမိုက်ကယ်က “ဟန်ဒါဆန်က အင်္ဂလန် ဂိုးသမား ဖြစ်ပြီး ငယ်တယ်။ ရှက်ဖီးလ်ယူနိုက်တက်က အငှားနဲ့ လာကစားခပြီး ကောင်းစွာ ကစားခဲ့တယ်။ သူက အလားအလာ အများကြီး ရှိပြီးတော့ ဒါက ကြီးမားတဲ့ ဇတ်လမ်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂီယာက ပရီးမီးယားလိဂ် အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက် ဖြစ်ပြီး သူ ဘယ်နှစ်, နှစ်ကြာ ဖြစ်နေခဲ့သလဲ ဆိုတာကိုတော့ ကျွန်တော် မသိတော့ပါဘူး။ ကျွန်တော် ယုံကြည်တာ တစ်ခုက နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ကစားဟန်ကို ပြောင်းခဲ့ပြီး အဲဒါက ဒီဂီယာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ကစားခဲ့တာနဲ့ မတူခဲ့ပါဘူး။ ဒီတော့ ဒီဂီယာလည်း သူ့ရဲ့ ပွဲစဉ်ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အပြောင်းအလဲ ပြုလုပ်တဲ့ အခါမှာ အမှား အမြဲတမ်း လုပ်မိတတ်တယ်။ တကယ်လို့ အမှားမလုပ်ဘူး ဆိုရင်တော့ ဒါက မသင်ယူလို့ ဖြစ်ပါတယ်။ မန်ယူအသင်းက အခု အဆင့် (၃) နေရာမှာ ရှိနေပြိး ယူရိုပါလိဂ် အာရုံစိုက်ဖို့ ရှိပါတယ်။ ဒီဂီယာအနေနဲ့ အနည်းငယ် အနားယူပြီရင် ပြန်လာပြီး အဆင်ပြေမှာပါ။ ကျွန်တော်ကတော့ လာမယ် နှစ်များစွာအထိ ဒီဂီယာကိုပဲ မန်ယူအသင်းရဲ့ ဂိုးသမား အဖြစ် မြင်ပြီး သူ မမျှတစွာ ဆက်ဆံခံရတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။