MySport Myanmar

ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲကို ပါဝင်ဖို့ မသေချာသေးတဲ့ ဒီဘရိုင်းနား

မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ ကယ်လ်ဗင်ဒီဘရိုင်းနားက လက်ရှိမှာ ဒဏ်ရာပြဿနာ အနည်းငယ် ရင်ဆိုင်နေရတာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဥ်ပြိုရ်ရမယ့် ချန်ပီယံပွဲစဥ်မှာပါ ပါဝင်ကစားနိုင်ဖို့ မရေမရာ ဖြစ်နေရတယ်လို့ သိရပါတယ်။

Photo Credit : Goal

ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းရဲ့ အရေးအပါဆုံးသော ကစားသမားတစ်ဦးဖြစ်ပြီး စီးတီး နဲ့ အာဆင်နယ်ပွဲစဥ်မှာလည်း အသင်းအတွက် သွင်းဂိုး (၂)ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီထဲမှာလည်း စီးတီးအတွက် ဂိုးဖန်တီးမှု (၁၆)ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့တဲ့ ဒီဘရိုင်းနားဟာ ပြိုင်ပွဲစုံမှာလည်း အသင်းကို သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ အကောင်းဆုံး အကျိုးပြုလျက် ရှိပါတယ်။

Photo Credit : The Sun

ဒါပေမယ့် big games player တစ်ဦးဖြစ်သူ ဒီဘရိုင်းနားဟာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်အတွင်းမှာ ဒဏ်ရာ ရရှိသွားခဲ့လို့ ပွဲပြီးဆုံးဖို့ (၁၀)မိနစ်ခန့်အလိုမှာပဲ လူစားလဲခဲ့ရတဲ့အပြင် မနေ့က ဖူလ်ဟမ်ကို ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်ကိုပါ လွဲချော်ထားခဲ့ရပါတယ်။ ပိုပြီး စိုးရိမ်စရာကောင်းတာက ဒီဘရိုင်းနားရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ ဂွာဒီယိုလာက သူ့အနေနဲ့လည်း ဒီဘရိုင်းနား ဘယ်လောက်အထိ အနားယူသွားရဦးမလဲဆိုတာကို မသိရသေးဘူးလို့ ထုတ်ဖော် ပြောဆိုထားတာဟာ ရီးယဲလ်နဲ့ ပွဲစဥ်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Youtube

စီးတီး နဲ့ ရီးယဲလ်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဆုံတွေ့နေကြပြီး မနှစ်ကလည်း ဒီအဆင့်မှာပဲ ဆုံတွေ့ထားကြကာ ရီးယဲလ်က ဖိုင်နယ်တတ်ရင်း နောက်ဆုံးမှာတော့ ချန်ပီယံပါ ဖြစ်သွားခဲ့ပါတယ်။ ဒီနှစ် တွေ့ဆုံမှုမှာလည်း အနိုင်ယူ ကျော်ဖြတ်သွားမယ့် အသင်းကပဲ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာနိုင်ခြေ ရှိနေတာမို့ လုံးဝကို အကြိတ်အနယ် ရှိမှာ အသေအချာပါပဲ။

Exit mobile version