မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းကတော့ သူ့အနေနဲ့ ဘလွန်းဒီအော်ဆုကို ရဖို့အတွက် သိပ် မလိုတော့ဘူးလို့ ပြောခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေမှာ ကောင်းစွာ ကစားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ် ဖန်တီးရှင် ဒီဘရှိုင်းဟာ (၂၀၁၅) ခုနှစ်မှာ မန်စီးတီးအသင်းကို ပေါင် (၅၅) သန်းနဲ့ ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၂၀၀) ကျော် ကစားခဲ့ပြီးပါပြီ။ ဒီဘရှိုင်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၀၀) နဲ့အထက် ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၅၀) ဂိုး သွင်းထားပြီး အကောင်းဆုံး ကွင်းလယ်လူ ဖန်တီးရှင် တစ်ဦး ဖြစ်လာပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းဟာ ကွင်းလယ် ဖန်တီးရှင် ဒီဘရှိုင်းနဲ့ အတူ အဓိက ဆုဖလားတွေ ရရှိခဲ့ပြီး အဓိက ဆုဖလားတွေထဲမှာ ပရီးမီးယားလိဂ် ဆုဖလားကို (၂) ကြိမ်အထိ ရရှိနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ မနက်ဖြန် တနင်္ဂနွေည (၁၁း၀၀) အချိန်မှာ အက်စတွန်ဗီလာအသင်းနဲ့ ဝင်ဘာလေကွင်းမှာ ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ်ကို ကစားသွားတော့မှာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ရီးရဲလ်အသင်းကို အနိုင်ရခဲ့ပြီး ကွင်းလယ်လူ ဒီဘရှိုင်းက ဘလွန်းဒီအော်ဆု ရဖို့ မဝေးတော့ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဒီဘရှိုင်းဟာ ဘလွန်းဒီဆော်ဆုကို ရဖို့ နီးစပ်နေပြီလားလို့ အမေးခံရလိုက်တဲ့ အချိန်မှာ “သူက ကျွန်တော် သိပ် မဝေးတော့ပါဘူး။ ဒါပေမဲ့ အဲဒါကို ဆုံးဖြတ်ဖို့ ကျွန်တော်က ဘယ်သူမို့လို့လဲ။ ကျွန်တော်က အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားရုံပါ။ ကျွန်တော် လွန်ခဲ့တဲ့ နှစ် နဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာ ကျွန်တော် ကောင်းစွာ ကစားခဲ့ပါတယ်။ ဒဏ်ရာ များစွာ ရခဲ့ပေမဲ့ ကွင်းထဲမှာ ကစားနေတယ် ဆိုရင် အဆင်ပြေခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ကစားစဉ်ကတောင် ကောင်းမွန်တဲ့ နှစ်တွေ ရှိခဲ့ပြီး ပျော်ရွင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူက အကောင်းဆုံး ကစားသမားကို ဆုံးဖြတ်လဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွန် နီးစပ်နေပါပြီ။ ဘလွန်းဒီအော် စံကာတင်မှာ ပါဝင်ရတာက အကူအညီ ဖြစ်ပေမဲ့ အသင်း စွမ်းဆောင်ရည်က ပထမပါ”လို့ ပြောသွားပါတယ်။