မနေ့ညက ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အိမ်ရှင်ပီအက်စ်ဂျီဘက်ကနေ ပထမပိုင်းအစမှာပဲ ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မန်စီးတီးဘက်ကနေ ပွဲကိုအကောင်းဆုံး ထိန်းချုပ်လာနိုင်ခဲ့သလို ချေပဂိုးအပြင် အနိုင်ဂိုးကိုပါ ဆက်တိုက်သွင်းယူခဲ့ပြီး Comeback နိုင်ပွဲကိုပါ ရယူသွားခဲ့တာကြောင့် ဗိုလ်လုပွဲ တတ်ရောက်ဖို့အထိပါ အခြေအနေကောင်းသွားခဲ့ပါတယ်။

Photo Credit : Twitter

ပီအက်စ်ဂျီအသင်းဟာ နောက်ခံကစားသမားကြီး မာကွင်ဟို့စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်ခဲ့ပြီး ပထမပိုင်း ပွဲချိန်အတွင်း အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မန်စီးတီးဘက်ကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ကာ ဒီဘရိုင်းက ချေပဂိုးနဲ့ မာရက်ဇ်က ပွဲသိမ်းအနိုင်ဂိုးတွေကို ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ အခုလို အဝေးကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့သမိုင်းတလျှောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တတ်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ရပါတယ်။

Photo Credit : Twitter

အခုလို Comeback နိုင်ပွဲနဲ့ ပီအက်စ်ဂျီကို အနိုင်ယူခဲ့နိုင်တာနဲ့ပတ်သက်ပြီး ချေပဂိုးရှင် ဒီဘရိုင်းက “ကျွန်တေ်တို့တွေ အနည်းငယ်လောက် ပိုမိုအားထည့်ကစားလိုက်တာပါ။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာတော့ ကျွန်တော်တို့တွေက အရမ်းကို ကမန်းကတန်းတွေ လှုပ်ရှားနေခဲ့ရတယ်။ အရှေ့ကိုတတ်နိုင်ဖို့ကို အရမ်းလျင်လျင်မြန်မြန် လုပ်နေခဲ့ရတယ်။ ဒါက ကျွန်တော်တို့အသင်းရဲ့ ကစားဟန်မျိုး မဟုတ်ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ စိတ်ရှည်ရှည်နဲ့ကို နေရာလွတ်တွေကို ပိုပြီးရှာလာနိုင်တယ်။ သူတို့အသင်းကတော့ ယှဉ်ပြိုင်ကစားရတာ တကယ်ကို ခက်ခဲတဲ့ အသင်းမျိုးပါ။ ပထမပိုင်းအပြီး အသင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ Team Talk ကတော့ အသင်းအတွက် တကယ့်ကို အကျိုးရှိစေခဲ့ရတယ်။ ဒါကြောင့်ပဲ အသင်းရဲ့ကစားပုံက ပိုပြီးတိုးတတ်ကောင်းမွန်လာခဲ့ရတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသင်းအတွက် အနိုင်ဂိုးဖြစ်စေခဲ့တဲ့ ဖရီးကစ်သွင်းဂိုးဟာ ထုံးစံအရဆို ဒီဘရိုင်းကန်သွင်းမှာ ဖြစ်ပေမယ့် မာရက်ဇ်က ကန်သွင်းခွင့် တောင်းဆိုခဲ့လို ခွင့်ပြုခဲ့ရတာဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေကလည်း မာရက်ဇ်ကန်သွင်းမယ်လို့ မထင်ထားတာကြောင့် အခုလို သွင်းဂိုးဖြစ်ခဲ့ရတာလို့ ဒီဘရိုင်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။