ဘိုင်ယန်မြူးနစ်အသင်းမှာ ဘယ်နောက်ခံနေရာ နဲ့ ဘယ်တောင်ပံနေရာ၊ (၂) နေရာ ကစားနေတဲ့ အယ်ဖွန်ဆို ဒေးဗီးစ်ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ အခါမှာ သွင်းဂိုးတွေ များလိမ့်မယ်လို့ BT Sport သတင်းမှာ ကြိုတင် ဟောကိန်းထုတ် ပြောသွားခဲ့ပါတယ်။ ဂျာမနီ ဘီးလူးကြီးလို့ တင်စားခံရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ် အဖြစ် လိုင်ယွန်အသင်းနဲ့ ကစားခဲ့စဉ်က နာဘရီရဲ့ သွင်းဂိုး (၂) ဂိုး နဲ့ လီဝန်ဒေါ့စကီးရဲ့ သွင်းဂိုး (၁) ဂိုးကြောင့် (၃-ဝ) ရလဒ်နဲ့ နိုင်ပွဲ ရရှိပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို (၅) ကြိမ် ရရှိထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့ (၂၀၁၃) ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ် ဆုဖလားကို နောက်ထပ် တစ်ကြိမ် မရနိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာတော့ ချန်ပီယံလိဂ် ဆုဖလားကို (၆) ကြိမ်မြောက် ရရှိနိုင်ချေ ရှိနေပါတယ်။ ဘိုင်ယန်အသင်းရဲ့ ကြယ်ပွင့် အယ်ဖွန်ဆို ဒေးဗီးစ်ဟာ လက်ရှိရာသီမှာ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၄၂) ပွဲ ကစားထားရာမှာ သွင်းဂိုး (၃) ဂိုး သွင်းယူထားတာ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ သွင်းဂိုးတွေ များလိမ့်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

BT Sport မှာ အယ်ဖွန်ဆို ဒေးဗီးစ်က “ခံစားချက်ကောင်းပါတယ်။ လူတိုင်းကလည်း ပျော်ကြတယ်။ ကောင်းစွာ ကစားခဲ့ကြတယ်။ ကျွန်တော်တို့ ဗိုလ်လုပွဲစဉ်ကို တက်နိုင်တာကြောင့် ပျော်ရွှင်ကြတယ်။ ပီအက်စ်ဂျီအသင်းက အသင်းကောင်းပါ။ အခု ကျွန်တော်တို့ အောင်ပွဲ အနည်းငယ် ခံနေကြတယ်။ ပြီးရင် ကျွန်တော်တို့ လာမယ့် ဗိုလ်လုပွဲစဉ်အတွက် အာရုံစိုက်သွားပါမယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲက ပွဲကောင်း ဖြစ်လာမှာ ဖြစ်ပြီး အဲဒီပွဲစဉ်မှာ သွင်းဂိုးတွေ များပါလိမ့်မယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်က ကစားသမား တစ်ဦးအနေနဲ့ အိပ်မက် မက်တဲ့ ပွဲစဉ်ပါပဲ။ အကောင်းဆုံး ပုံစံနဲ့ ကစားပြီးတော့ ဥရောပ အကောင်းဆုံးအသင်းကို ရင်ဆိုင်သွားပါမယ်။ ဒါက အိပ်မက်ဖြစ်လာတာပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားရပြီး ဗိုလ်လုပွဲစဉ်ကို တက်နိုင်တာက အတောင့်တဆုံးအရာပါပဲ”လို့ ပြောသွားပါတယ်။