ယခုနှစ် ဘောလုံးရာသီမှာ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်လီနဲ့အတူ တောက်ပနေတဲ့ ကနေဒါ ကြယ်ပွင့် တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လိုင်လီကို စွန့်ခွာဖို့ အတွက် စိုင်းပြင်းနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ကနေဒါ လက်ရွေးစင် တိုက်စစ်မှူး ဒေးဗစ်ဟာ အထောင်တိုက်စစ်မှူးနဲ့ နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ လိုင်လီအတွက် ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း အများစုက ဒေးဗစ်ကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး သူတို့ရဲ့ ကင်းထောက်တွေကိုလည်း ဒေးဗစ်ရဲ့ ခြေစွမ်းကို အကဲခတ်ဖို့ စေလွှတ်ထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျိုနသန် ဒေးဗစ်ဟာ လိုင်လီနဲ့ စာချုပ်သက်တမ်း ၂၀၂၅နှစ် အထိ ကျန်ရှိနေသေးပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အသင်းပြောင်းဖို့ တာစူနေပြီး လိုင်လီကလည်း ဒေးဗစ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ အာဆင်နယ်နဲ့ နယူးကာဆယ်တို့က ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေကြပြီး ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ကလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကို လက်လွှတ်လိုက်ရပါက ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။