မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပင်တိုင်ဂိုးသမားတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဒီဂီယာက သူဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူတစ်ယောက် ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ သူ့ကိုယ်သူ မန်ချက်စတာမြို့သားအဖြစ်နဲ့သာ ခံစားနေရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

David de Gea was born in Madrid and started his career with Atletico... but now feels like a Mancunian

Photo Credit : The Sun

စပိန်လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်တဲ့ ဒီဂီယာဟာ အခု လတ်တလောမှာတော့ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ သူ့မွေးရပ်မြေ မက်ဒရစ်မှာ ပြန်လည်တွေ့ဆုံရတော့မှာဖြစ်ပြီး သူဟာ ဒီမြေ ဒီကလပ်အသင်းမှာ စတင်ကြီးပြင်းလာခဲ့ရပေမယ့် လက်ရှိမှာတော့ သူ့ကိုယ်သူ မန်ချက်စတာမြို့သားလို့သာ ခံစားနေရပြီဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဒီဂီယာက “မက်ဒရစ်မြို့မှာ မွေးဖွားခဲ့တာကို ကျွန်တော် နှစ်သက်မိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒါက မြို့တစ်မြို့သက်သက်ပါပဲ။ အခုဆိုရင် ကျွန်တော်က မန်ချက်စတာမှာ မွေးဖွားလာခဲ့သူတစ်ဦးလို့ ခံစားနေရပါပြီ။ မန်ချက်စတာသားတွေလိုပဲ ခံစားမိလာရတယ်”

David de Gea hints he will NEVER quit Man Utd and feels at home in  Manchester despite Wag Edurne once slating city

Photo Credit : The Sun

“မင်းကို ချစ်ခင်နှစ်သက်တဲ့ နေရာတစ်ခုက မင်းရဲ့အိမ်ပါပဲ။ ကျွန်တော် ဒီမှာရှိနေတာ နှစ်အတော်ကြာခဲ့ပါပြီ။ ကမ္ဘာ့ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာက သိသာထင်ရှားပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဝေးမှာ ကစားနေရမယ်လို့တော့ မမြင်မိပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသင်းဟောင်း အသက်လက်တီကိုနဲ့ ပြန်လည်ရင်ဆိုင်ရတော့မယ့် ချန်ပီယံလိဂ်ပွဲစဉ်နဲ့ ပတ်သက်ပြီးတော့ကိုလည်း ဒီဂီယာက “ဟုတ်တယ်။ ကျွန်တော် မွေးဖွားခဲ့တဲ့ နေရာ ဒီနေ့ ကျွန်တော်ဆိုပြီး ဖြစ်လာခွင့်ရခဲ့တဲ့ နေရာကို ပြန်သွားရတော့မယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့အတွက် နောက်ထပ် ရင်ဆိုင်ရမယ့် ပွဲစဉ်တစ်ပွဲပါပဲ။ ကစားသမားတိုင်းက ကောင်းကောင်းကစားချင်ကြတယ်။ အနိုင်ရချင်ကြတယ်။ ဒါက ချန်ပီယံလိဂ်ပွဲစဉ်ကို။ ကျွန်တော် အသက်လက်တီကိုအသင်းကို အကောင်းဆုံး ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးကတော့ အနိုင်ရချင်စိတ်နဲ့ပဲ ရောက်လာကြမှာ။ အထူးသဖြင့်ဆိုရင် ကျွန်တော်ပဲပေါ့” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသက်လက်တီကို လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အသက်(၃၁)နှစ်အရွှယ် ဂိုးသမားဒီဂီယာဟာ ၂၀၀၉ခုနှစ်မှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာပဲ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။