ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်ထားတဲ့ အင်တာ မီယာမီအသင်းကတော့ လာမယ့် (၂၀၂၁) ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ဆွာရက်စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်လို့ Dailymail သတင်းက ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ဟာ လာမယ့် (၂၀၂၁) ခုနှစ် ဇွန်လိုင်လမှာ စပိန် လာလီဂါ အသင်းကြီး ဘာစီလိုနာအသင်းနဲ့ စာချုပ် ကုန်ုဆုံးသွားတော့မှာ ဖြစ်တာကြောင့်မို့ ဘက်ခမ်းရဲ့ မီယာမီအသင်းက သူ့ကို (၄) နှစ်ကြာ ကာလရှည် စာချုပ်နဲ့ ခေါ်ယူချင်နေလျက် ရှိနေပါတယ်။

Photo Credit: Dailymail

Mundo Deportivo သတင်းက မီယာမီအသင်းဟာ တိုက်စစ်မှူး ဆွာရက်စ်ကို ခေါ်ယူဖို့အတွက် စိတ်အားထက်သန်နေပေမယ့်လည်း ဆွာရက်စ်ကတော့ ဘာစီလိုနာအသင်းမှာ ဆက်ကစားရဖို့ မျှော်လင့်နေပြီး ဘာစီလိုနာအသင်းမှာ ဆက်ကစားနိုင်တဲ့ အကြောင်းရင်းလည်း ရှိနေပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်အနေနဲ့ လာမယ့် နောက်နှစ်မှာ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို (၆၀) ရာခိုင်နှုန်း ကစားနိုင်မယ် ဆိုရင်တော့ သူ့ရဲ့ မူရင်း စာချုပ်ပါ အချက်အရ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် အလိုအလျှောက် ထပ်တိုးသွားနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားထာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

လက်ရှိရာသီမှာတော့ ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၄) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၉) ဂိုး နဲ့ ဂိုးဖန်တီးမှုှု (၁၂) ကြိမ် ပြုလုပ်ထားတာ ဖြစ်ပြီး အင်တာမီယာမီ အသင်းအနေနဲ့ အသင်းရဲ့ ရာသီတာထွက် မလှပမှုကို ကုစားနိုင်ဖို့ ခေါ်ယူချင်လျက် ရှိပါတယ်။ ဘက်ခမ်းရဲ့ အင်တာ မီယာမီအသင်းဟာ မေဂျာလိဂ် ပြိုင်ပွဲ ပထမ ရာသီမှာ ပထမ ပွဲစဉ် (၅) ပွဲစလုံးကို အရေးနိမ့်ခဲ့တာကြောင့် မေဂျာလိဂ် ပြိုင်ပွဲက အုပ်စု (အေ) မှာ အောက်ဆုံး အဆင့် ရရှိထားပြီး မေဂျာလိဂ် ပြိုင်ပွဲကနေလည်း ရလဒ်ဆိုးရွားစွာနဲ့ ထွက်ခွာသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် ကုန်ဆုံးတဲ့ အချိန်မှာ အသက် (၃၄) နှစ် အရွယ် ရှိတော့မှာ ဖြစ်ပေမယ့်လည်း မေဂျာလိဂ် ပြိုင်ပွဲမှာတော့ ခြေစွမ်းပြကစားနိုင်ချေ ရှိနေသေးပြီး ဘက်ခမ်းရဲ့ မီယာမီအသင်းက အသင်းကို ပြုပြင်ဖို့ သူ့ကို ခေါ်ယူချင်နေလျက် ရှိနေပါတယ်။