ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ကျောနံပါတ် ၇နဲ့အတူ နာမည် ကျော်ခဲ့ပြီး တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ညာတောင်ပံ ကစားသမားအဖြစ် သတ်မှတ် ခံခဲ့ရသူကတော့ သူ့ခေတ် သူ့အခါမှာ ဘောလုံး မင်းသားတစ်ဦးလို့ တင်စားကြတဲ့ ဒေးဗစ်ဘက်ခမ်း ပဲ ဖြစ်ပါတယ်။ နာမည်ကျော် ဘောလုံးသမား ဖြစ်ပေမယ့် အချို့သော ကစားသမားတွေလိုမျိုး အိမ်ထောင်​ရေး အရှုပ်အရှင်းလဲ ကင်းသူဖြစ်ပြီး ဇနီးဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်းနဲ့အတူ ဘောလုံးကွင်းပြင်ပမှာလည်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရပ်တည်နေသူ ဖြစ်ကာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင် ဘောလုံးအသင်းတစ်သင်းကို ပိုင်ဆိုင် ထားပြီး အသင်းရဲ့ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ လက်ရှိ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဥရောပရဲ့ ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: The Sun.com

ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘက်ခမ်းဟာ အာဆင်နယ် အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာတွေများစွာ ရရှိကာ ပုံမှန် ခြေစွမ်းကောင်းတစ်ခုကို ရရှိဖို့ ရုန်းကန်နေရတဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ကို ခေါ်ယူဖို့အတွက် အသင်းဟောင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အသက်၃၁နှစ်အရွယ် ဆန်းချက်ဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်၅သိန်း အထိ ရရှိနေသူဖြစ်ပြီး လက်ရှိဘောလုံးရာသီမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့ မန်ယူအသင်းကနေ အင်တာမီလန်အသင်းထံကို အငှားနဲ့ သွားကစား နေပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာပြဿနာ တစ်ခုနဲ့ ကြုံတွေ့ခဲ့ရကာ ကိုးပွဲသာ ပါဝင် ကစားပေးထားနိုင်ခဲ့ပြီး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သူပါ။

Photo Credit: The Sun.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘက်ခမ်းဟာ သူ့ရဲ့ အင်တာမိုင်ယာမီအသင်း အတွက ဆန်းချက်အပါအဝင် မန်စီးတီးအသင်း ရဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား ၊ ရီးရဲလ် မက်ဒရစ် ကွင်းလယ်လ မိုဒရစ်တို့ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဆန်းချက်ဘက်ကလည်း အမေရိကန်နိုင်ငံမှာ ဘောလုံးကစားရမယ့် အခွင့်အရေး ကို စောင့်မျှော်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် မန်ယူအသင်းဘက်က ဆန်းချက်ရဲ့ ကြီးမြင့်လှတဲ့ လုပ်ခလစာကို ပေးချေလိုခြင်း မရှိတော့တာကြောင့် ဘက်ခမ်းဘက်ကသာ ဆန်းချက်ကို ပြောင်းရွှေ့ကြေး ပေါင်၂၀သန်း ဝန်းကျင် အသုံးပြုကာ ခေါ်ယူမယ်ဆိုပါက အပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာချေရှိတယ် လို့ မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ဝန်ခံထားကြပါတယ်။ အမေရိကန်သတင်းစာတွေ ကတော့ ဆန်းချက်ဟာ မိုင်ယာမီအသင်း အခြေစိုက်ရာ ဖလော်ရီဒါ တောင်ပိုင်းမှာ အိမ်တစ်လုံးကို မကြာသေးမီကမှ ဝယ်ယူထားတာကြောင့် ဆန်းချက်ဟာ မိုင်ယာမီအသင်းထံကို ရောက်ရှိ မယ့် ပထမဦးဆုံး ဥရောပကြယ်ပွင့် ဖြစ်လာလိမ့် မယ်လို့ သုံးသပ်ထားကြပါတယ်။