အီတလီ စီးရီးအေ ပြိုင်ပွဲက ပါးမားအသင်းရဲ့ နောက်ခံ ကစားသမား ဒါမီယန်းကတော့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာဟာ ပြင်သစ် လီးဂူးဝမ်း ပြိုင်ပွဲက ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေရဲ့ အဆင့်ကို ရောက်ရှိပြီး ဘလွန်းဒီအော်ဆုကိုလည်း ရရှိနိုင်လိမ့်မယ်လို့ ပြောကြားသွားပါတယ်။ နောက်ခံလူ ဒါမီယန်းဟာ (၂၀၁၅) ခုနှစ်မှာ တိုရီနိုအသင်းကနေ မန်ယူအသင်းကို ပြောင်းရွေ့လာခဲ့ပြီး မန်ယူအသင်းမှာ (၂၀၁၅) ခုနှစ်ကနေ (၂၀၁၉) ခုနှစ်အထိ ကစားပြီးနောက် (၂၀၁၉) ခုနှစ် စက်တင်ဘာလ (၂) ရက်က အီတလီးနိုင်ငံက ပါးမားအသင်းကို ပြောင်းသွားခဲ့ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် တိုက်စစ်မှူး ဖြစ်ပြီး (၂၀၁၅) မှာ မန်ယူအသင်းအတွက် ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ရပြီး ဒါမီယန်းက (၂၁၀၅) ခုနှစ်မှာ မန်ယူအသင်းကို ရောက်ရှိလာခဲ့တာကြောင့် သူတို့နှစ်ဦးဟာ မန်ယူအသင်းမှာ (၄) နှစ်ခန့်ကြာ အတူ တွဲကစားခဲ့ကြပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ လက်ရှိမှာ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်နေပြီး မန်ယူ ကွင်းလယ် ကစားသမားဟောင်း ဒါမီယန်းကတော့ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေရဲ့ အဆင့်ကို မှီပြီး ဘလွန်းဒီအော်ဆု ရရှိနိုင်ပါတယ်လို့ ပြောသွားပါတယ်။

Photo Credit: Dailymail

The Guardian သတင်းမှာ ဒါမီယန်းက “ကျွန်တော် ချက်ချင်းဆိုသလို တွေးလိုက်မိတာတော့ ဝိုး… ရက်ချ်ဖို့ဒ်က အလွန် ကောင်းတဲ့ ကစားသမားပဲလို့ တွေးမိတယ်။ သူက သူ့ရဲ့ အရွယ်မှာ ကစားသမား တစ်ယောက်အနေနဲ့ အထင်ကြီးစရာ ကောင်းတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ သူ ဘက်ပေါင်းစုံမှာ တိုးတတ်လာပြီး ကျွန်တော် အထင်ကြီးမိတယ်။ တကယ်လို့ သူက အခုလို ပုံစံအတိုင်း ဆက်လက် ကစားသွားမယ် ဆိုရင် သူ ဘလွန်းဒီအော်ဆု ရရှိနိုင်တယ်။ ကျွန်တော် ယုံတယ်။ မန်ယူအသင်းက ကစားသမားတွေထဲမှာ ကျွန်တော် အထင်ကြီးဆုံး ကစားသမားက ပေါ့ဘာပါပဲ။ သူက အလွန် ငယ်ရွက်သေးပြီး တိုးတတ်နိုင်ပါသေးတယ်။ ကျွန်တော့်ရဲ့ အမြင်မှာ သူက အမ်ဘာပေရဲ့ အဆင့် ရောက်ပြီး ဘလွန်းဒီအော်ဆု ရနိုင်ပါတယ်”လို့ ပြောသွားပါတယ်။