ဆောက်သမ်တန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်ကစားသမား ဒန်နီအင့်စ်ကို အသင်းဘက်ကနေ (၄)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို ကစားသမားဘက်ကနေ ငြင်းဆန်ပယ်ချသွားခဲ့လို့ ဆောက်သမ်တန်အနေနဲ့ လာမယ့် ၂၀၂၂ခုနှစ်မှာ ဒန်နီအင့်စ်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ဒန်နီအင့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၁၂)ဂိုးအထိကို သွင်းယူထားပေးနိုင်ခဲ့တဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူနဲ့ အသင်းကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကတော့ တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဆောက်သမ်တန်ဘက်ကနေ ဒန်နီအင့်စ်ကို ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းလာခဲ့ရာ ဒီကမ်းလှမ်းမှုကို ကစားသမားဘက်ကနေ ပယ်ချသွားခဲ့တာကြောင့် အင့်စ်ကို လာမယ့် ၂၀၂၂ခုနှစ်မှာပဲ အသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုရဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

တကယ်လို့ ဒီလို အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်မလွတ်နိုင်ဘူးဆိုရင် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ဒန်နီအင့်စ်ကို မဖြစ်မနေ ရောင်းထုတ်သွားရမှာဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်တော့ ဒန်နီအင့်စ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် စပါးနဲ့ ချယ်လ်ဆီးအသင်းတွေကနေ ပစ်မှတ်ထားနေကြပြီး ဒီအသင်းတွေထဲကမှ အသင်းရဲ့အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းကို လက်လွတ်သွားရဖွယ် ရှိနေရတဲ့ စပါးအသင်းက ဒန်နီအင့်စ်ကို ပိုမိုပစ်မှတ်ထားလျက် ရှိနေပါတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကမှ ဆောက်သမ်တန်အသင်းကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ဒန်နီအင့်စ်ဟာ ဆောက်သမ်တန်နဲ့ ဘောလုံးရာသီ (၃)ရာသီကို ဖြတ်သန်းခဲ့ပြီး (၃)ရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၄၁)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆောက်သမ်တန်ဘက်ကနေ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ရတဲ့အတွက် နောက်ထပ်တိုက်စစ်မှူးသစ်တစ်ဦးကိုပါ ခေါ်ယူသွားရဖွယ် ရှိနေပါတယ်။