မန္ယူအသင္းဟာ ယေန႔ည နံနက္ (၂း၀၀) အခ်ိန္မွာ နည္းျပ ေမာ္ရင္ဟုိရဲ႕ စပါးအသင္းနဲ႔ ကစားရမွာ ျဖစ္ၿပီး ဂ်ိမ္းကေတာ့ ေမာ္ရင္ဟုိရဲ႕ စပါးအသင္းကို အႏုိင္ရလိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ ဂ်ိမ္းဟာ လက္ရွိရာသီ နည္းျပ ဆုိးလ္ရွားရဲ႕ လက္ေအာက္မွာ ပုံမွန္ ပဲြထြက္ခြင့္ ရရွိထားၿပီး သူက စပါးအသင္းကုိ အႏုိင္ရမယ္ဆုိရင္ မန္ယူအသင္း လုံးဝ ေျပာင္းလဲသြားမယ္လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Dailymail.com

မန္ယူအသင္းဟာ ယေန႔ည စပါးအသင္းနဲ႔ ကစားၿပီးရင္ တနဂၤေႏြေန႔ ၿမိဳ႕ခံ ၿပိဳင္ဘက္ မန္စီးတီးအသင္းနဲ႔ ကစားရမွာ ျဖစ္လုိ႔ ဂ်ိမ္းက ဒီပဲြကို အႏုိင္ရမွ ယုံၾကည္မႈရွိမယ္လုိ႔ ယုံၾကည္ေနပါတယ္။ မန္ယူအသင္းဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၄) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ ရမွတ္ (၁၈) မွတ္နဲ႔ အဆင့္ (၁၀) ေနရာမွာ ရပ္တည္ေနၿပီး အနည္းနဲ႔ အမ်ား ရုန္းကန္ေနရပါတယ္။

Photo Credit: Dailymail.com

ဂ်ိမ္းက “ဟုတ္ပါတယ္။ ဒီပြဲက ပြဲႀကီးပြဲေကာင္းပါ။ ကြၽန္ေတာ္တို႔ ပြဲတိုင္းကို အႏိုင္ရခ်င္တဲ့ စိတ္နဲ႔ ကစားခဲ့ၾကပါတယ္။ ဒါေပမဲ့ ၾကားရက္ပြဲစဥ္ေတြက ပြဲေကာင္းေတြပါ။ ဒီဇင္ဘာလ နဲ႔ ခရစ္စမတ္ ၿပီးသြားရင္ လိဂ္ၿပိဳင္ပြဲဟာ တကယ္ ပြင့္သြားပါတယ္။ စပါးအသင္းနဲ႔ ပြဲစဥ္မွာ အႏိုင္ရမယ္ ဆိုရင္ ပုံစံေကာင္းနဲ႔ ဆက္သြားႏိုင္မယ့္ အခြင့္အေရး ရွိပါတယ္”လို႔ မန္ယူဝက္ဆိုဒ္မွာ ေျပာခဲ့ပါတယ္။

Photo Credit: Dailymail.com

မန္ယူ နည္းျပ ဆုိးလ္ရွားဟာ သူ႔ရဲ႕နည္းျပ သက္တမ္း တစ္ေလွ်ာက္မွာ ပထမဆုံး အႀကိမ္အျဖစ္ မန္ယူနည္းျပေဟာင္း လက္ရွိမွာေတာ့ စပါးနည္းျပ ေမာ္ရင္ဟုိနဲ႔ ထိပ္တုိက္ေတြ႔ရမွာ ျဖစ္ပါတယ္။ တကယ္လုိ႔ နည္းျပ ဆုိးလ္ရွားကသာ စပါးအသင္းနဲ႔ ကစားမယ့္ ပဲြစဥ္မွာ အေရးနိမ့္ခဲ့မယ္ ဆုိရင္ မန္ယူအသင္းကုိ ဆက္လက္ နည္းျပႏုိင္ဖုိ႔ အလားအလား နည္းပါးေတာ့မွာပဲ ျဖစ္ပါတယ္။

{Unicode}

မန်ယူအသင်းဟာ ယနေ့ည နံနက် (၂း၀၀) အချိန်မှာ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဂျိမ်းကတော့ မော်ရင်ဟိုရဲ့ စပါးအသင်းကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂျိမ်းဟာ လက်ရှိရာသီ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိထားပြီး သူက စပါးအသင်းကို အနိုင်ရမယ်ဆိုရင် မန်ယူအသင်း လုံးဝ ပြောင်းလဲသွားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Dailymail.com

မန်ယူအသင်းဟာ ယနေ့ည စပါးအသင်းနဲ့ ကစားပြီးရင် တနင်္ဂနွေနေ့ မြို့ခံ ပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်လို့ ဂျိမ်းက ဒီပွဲကို အနိုင်ရမှ ယုံကြည်မှုရှိမယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၁၈) မှတ်နဲ့ အဆင့် (၁၀) နေရာမှာ ရပ်တည်နေပြီး အနည်းနဲ့ အများ ရုန်းကန်နေရပါတယ်။

Photo Credit: Dailymail.com

ဂျိမ်းက “ဟုတ်ပါတယ်။ ဒီပွဲက ပွဲကြီးပွဲကောင်းပါ။ ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ရချင်တဲ့ စိတ်နဲ့ ကစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကြားရက်ပွဲစဉ်တွေက ပွဲကောင်းတွေပါ။ ဒီဇင်ဘာလ နဲ့ ခရစ်စမတ် ပြီးသွားရင် လိဂ်ပြိုင်ပွဲဟာ တကယ် ပွင့်သွားပါတယ်။ စပါးအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရမယ် ဆိုရင် ပုံစံကောင်းနဲ့ ဆက်သွားနိုင်မယ့် အခွင့်အရေး ရှိပါတယ်”လို့ မန်ယူဝက်ဆိုဒ်မှာ ပြောခဲ့ပါတယ်။

Photo Credit: Dailymail.com

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ သူ့ရဲ့နည်းပြ သက်တမ်း တစ်လျှောက်မှာ ပထမဆုံး အကြိမ်အဖြစ် မန်ယူနည်းပြဟောင်း လက်ရှိမှာတော့ စပါးနည်းပြ မော်ရင်ဟိုနဲ့ ထိပ်တိုက်တွေ့ရမှာ ဖြစ်ပါတယ်။ တကယ်လို့ နည်းပြ ဆိုးလ်ရှားကသာ စပါးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ အရေးနိမ့်ခဲ့မယ် ဆိုရင် မန်ယူအသင်းကို ဆက်လက် နည်းပြနိုင်ဖို့ အလားအလား နည်းပါးတော့မှာပဲ ဖြစ်ပါတယ်။