မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ လတ်တလောမှာ အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးနေခဲ့ရသလို လာမယ့်ရာသီမှာ အသင်းဆီကို ဂျေဒန်ဆန်ချိုလို တောင်ပံကစားသမားသစ်တစ်ယောက် ရောက်ရှိလာခဲ့မယ်ဆိုရင်လည်း သူရဲ့နေရာက ပိုမိုပျောက်ဆုံးရဖွယ် ရှိနေတာကြောင့် သတင်းမီဒီယာတွေကနေ ဂျိမ်းစ်အနေနဲ့ အသင်းကနေ အငှားစာချုပ်နဲ့ ထွက်ခွာလိမ့်မယ်လို့ ခန့်မှန်းဖော်ပြလာခဲ့ပေမယ့်လည်း ဂျိမ်းစ်က ယူနိုက်တက်မှာပဲ ဆက်လက်ရှိနေမှာလို့ ကစားသမားအေးဂျင့်ဖြစ်သူက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၂၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်မှ ဆွမ်ဆီးအသင်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်း ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပွဲထွက်ကစားတွေ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ပုံမှန်နေရာ ပျောက်ဆုံးလာခဲ့ရသလို အသင်းကနေ လာမယ့်ရာသီမှာ ဆန်ချိုကို ခေါ်ယူဖွယ်ရှိနေတာကြောင့် ဂျိမ်းစ်ရဲ့အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရင်္ပြး အသင်းကနေ အငှားနဲ့ ထွက်ခွာရဖွယ်တောင် ရှိလာနိုင်တယ်လို့ အားကစားမီဒီယာကြီးတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football365

ဒါပေမယ့် ဒန်နီရယ်ဂျိမ်းစ်ရဲ့အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘားနတ်ကတော့ သူရဲ့ကစားသမားအနေနဲ့ လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းအကျဘက်ကို ရောက်နေတယ်ဆိုပေမယ့် သူရဲ့အသက်အရွှယ်က ငယ်ရွွှယ်သေးပြီး ပရီးမီးယားလိဂ်မှာလည်း အခုမှ စတင်ကစားခဲ့ဖူးတာကြောင့် အတွေ့အကြုံပိုင်းလည်း လိုအပ်လို့နေသေးသလို သူ့လို ကစားသမားမျိုးကိုလည်း ယူနိုက်တက်ကနေ အငှားနဲ့ ထွက်ခွာစေမှာမဟုတ်ဘူးလို့ တုန့်ပြန်ပြောဆိုလာခဲ့ပြီး အငှားထွက်နိုင်သလားဆိုတဲ့ မေးခွန်းကိုလည်း “No” လို့ ဖြေဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းရဲ့တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်က ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်လို့ ဘယ်တောင်ပံတိုက်စစ်နေရာမှာ ဝင်ရောက်ကစားနေသလို အသက်(၁၈)နှစ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူးလေး မေဆန်ဂရင်းဝုဒ်ကလည်း ညာတောင်ပံတိုက်စစ်နေရာမှာ အတော်လေးကို ခြေစွမ်းပြသထားနိုင်လို့ ဒင်နီရယ်ဂျိမ်းစ်အတွက်က နေရာပျောက်ဆုံးနေရပြီး လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားခွင့်ရနေပါတယ်။