စပိန္ လက္ေရြးစင္ ကြင္းလယ္လူ ဆီဘာလုိ႔စ္ဟာ အာဆင္နယ္ နည္းျပေဟာင္း အူႏုိင္း အမ္မရီရဲ႕ လက္ထက္မွာ ရီးရဲလ္အသင္းကေန အာဆင္နယ္အသင္းကို အငွားနဲ႔ ေရာက္ရွိလာၿပီး လက္ရွိမွာ အငွားနဲ႔ ကစားေနပါတယ္။ သူဟာ နည္းျပ အမ္မရီရဲ႕ လက္ေအာက္မွာ ပဲြထြက္ကစားခြင့္ရရွိခဲ့ၿပီး ေျခစြမ္းျပခဲဲ့သလုိ ဒဏ္ကေန ျပန္လည္သက္သာသြားၿပီ ျဖစ္ေပမဲ့လည္း နည္းျပသစ္ အာတီတာရဲ႕ လက္ေအာက္မွာေတာ့ ၿပိဳင္ပဲြစုံ (၁) ပဲြမွ မကစားရတာေၾကာင့္ အသင္းက ထြက္ခ်င္ေနပါတယ္။

Photo Credit: Fooballlondon

ကြင္းလယ္လူ ဆီဘာလုိ႔စ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီ အေျပာင္းအေရြ႕ေစ်းကြက္မွာ ရီးရဲလ္အသင္းကေန အာဆင္နယ္အသင္းကုိ အငွားနဲ႔ ေျပာင္းလာခဲ့ၿပီ ေျခစြမ္းျပလာခဲ့ေပမဲ့လည္း မထင္မွတ္ဘဲ ႏုိဝင္ဘာလမွာ ဒဏ္ရာရရွိခဲ့ပါတယ္။ ဆီဘာလုိ႔စ္ဟာ နည္းျပသစ္ အာတီတာရဲ႕ လက္ေအာက္မွာ ပဲြထြက္ခြင့္ မရရွိတာေၾကာင့္ ရီးရဲလ္အသင္းကုိ အခုလ ဇန္နဝါရီလအတြင္း အသင္းသစ္ ရွာေပးဖုိ႔ ေျပာခဲ့ၿပီး နည္းျပ အာတီတာကုိ အသင္းက ထြက္ခ်င္ၿပီလုိ႔လည္း ေျပာခဲဲ့တယ္လုိ႔ သိရပါတယ္။

Photo Credit: Fooballlondon

ဆီဘာလုိ႔စ္ဟာ ၿပီးခဲ့တဲ့ ဗုဒၥဟူးေန႔က အသင္းေဖာ္ ဘယ္လာရင္ တင္သြားခဲ့တဲ့ စာရဲ႕ ေအာက္မွာ အသင္းကေန ထြက္သြားႏုိင္တဲ့ အရိပ္အျမြက္ကုိ ေရးသားသြားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကုိ (၂-၂) နဲ႔ သေရက်ခဲ့တဲ့ ပဲြစဥ္မွာ အရန္ခုံမွာသာ ထုိင္ေနခဲ့ရပါတယ္။ သူက ဘယ္လာရင္ရဲ႕ စာေအာက္မွာ “ဘရုိ မင္းရဲ႕ ဘယ္ေျခနဲ႔ သြင္းဂုိးကုိ ငါ သတိရေနေတာ့မွာပါပဲ။ မင္း ႀကံဳေနရတာေတြ အားလုံးနဲ႔ မင္း ထုိက္တန္ပါတယ္”လုိ႔ ဘယ္လာရင္ကုိ ဂုဏ္ျပဳခဲ့ၿပီး သူ႔အနာဂတ္ကုိပါ ေဖာ္ျပသြားခဲ့ပါတယ္။

{Unicode}

စပိန် လက်ရွေးစင် ကွင်းလယ်လူ ဆီဘာလို့စ်ဟာ အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ လက်ထက်မှာ ရီးရဲလ်အသင်းကနေ အာဆင်နယ်အသင်းကို အငှားနဲ့ ရောက်ရှိလာပြီး လက်ရှိမှာ အငှားနဲ့ ကစားနေပါတယ်။ သူဟာ နည်းပြ အမ်မရီရဲ့ လက်အောက်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြခဲ့သလို ဒဏ်ကနေ ပြန်လည်သက်သာသွားပြီ ဖြစ်ပေမဲ့လည်း နည်းပြသစ် အာတီတာရဲ့ လက်အောက်မှာတော့ ပြိုင်ပွဲစုံ (၁) ပွဲမှ မကစားရတာကြောင့် အသင်းက ထွက်ချင်နေပါတယ်။

Photo Credit: Fooballlondon

ကွင်းလယ်လူ ဆီဘာလို့စ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွေ့ဈေးကွက်မှာ ရီးရဲလ်အသင်းကနေ အာဆင်နယ်အသင်းကို အငှားနဲ့ ပြောင်းလာခဲ့ပြီ ခြေစွမ်းပြလာခဲ့ပေမဲ့လည်း မထင်မှတ်ဘဲ နိုဝင်ဘာလမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဆီဘာလို့စ်ဟာ နည်းပြသစ် အာတီတာရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် မရရှိတာကြောင့် ရီးရဲလ်အသင်းကို အခုလ ဇန်နဝါရီလအတွင်း အသင်းသစ် ရှာပေးဖို့ ပြောခဲ့ပြီး နည်းပြ အာတီတာကို အသင်းက ထွက်ချင်ပြီလို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Fooballlondon

ဆီဘာလို့စ်ဟာ ပြီးခဲ့တဲ့ ဗုဒ္စဟူးနေ့က အသင်းဖော် ဘယ်လာရင် တင်သွားခဲ့တဲ့ စာရဲ့ အောက်မှာ အသင်းကနေ ထွက်သွားနိုင်တဲ့ အရိပ်အမြွက်ကို ရေးသားသွားခဲ့ပြီး ချဲလ်ဆီးအသင်းကို (၂-၂) နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။ သူက ဘယ်လာရင်ရဲ့ စာအောက်မှာ “ဘရို မင်းရဲ့ ဘယ်ခြေနဲ့ သွင်းဂိုးကို ငါ သတိရနေတော့မှာပါပဲ။ မင်း ကြုံနေရတာတွေ အားလုံးနဲ့ မင်း ထိုက်တန်ပါတယ်”လို့ ဘယ်လာရင်ကို ဂုဏ်ပြုခဲ့ပြီး သူ့အနာဂတ်ကိုပါ ဖော်ပြသွားခဲ့ပါတယ်။