ကွင်းလယ် ကစားသမား ဆီလာလို့စ်ကတော့ ရီးရဲလ်အသင်းမှာ ဆက်နေဖို့ ကမ်းလှမ်းခံရမှု နဲ့ စပိန် အခြေစိုက် အသင်းတွေမှာ ကစားဖို့ ကမ်းလှမ်းခံရမှုတွေ ရှိခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့ပြီး အင်္ဂလန် အခြေစိုက် အာဆင်နယ်အသင်းကို အငှားနဲ့ လာကစားဖို့ ရွေးချယ်ခဲ့ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် (၂၄) နှစ်အရွယ် ဆီဘာလို့စ်ကို ပြီးခဲ့တဲ့ (၂၀၁၉-၂၀) ရာသီမှာ နည်းပြ အမ်မရီက ရီးရဲလ် အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့ပြီး နည်းပြ အမ်မရီ ထုတ်ပယ်ခံရပြီးတဲ့နောက် နည်းပြ အာတီတာက ဆီဘာလို့စ်ကို အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ရှာကာနဲ့ တွဲဖက် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ကွင်းလယ်လူ ဆီဘာလို့စ်ဟာ အာဆင်နယ်အသင်းမှာ ပြီးခဲ့တဲ့ တစ်ရာသီကို အငှားနဲ့ ကစားပြီးနောက် ရီးရဲလ်အသင်းကို ပြန်သွားခဲ့ပေမယ့်လည်း အာဆင်နယ်နည်းပြအာတီတာက သူ့ကို အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့တာကြောင့် လာမယ့်ရာသီကိုလည်း အာဆင်နယ်အသင်းမှာ အငှားနဲ့ ကစားမှာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ဝီလီယံ နဲ့ ဂါဘရီရယ်လ်တို့ကို အပြီးသတ် ခေါ်ယူပြီးနောက် ဆီဘာလို့စ်ကို အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပြီး ကွင်းလယ်လူ ဆီဘာလို့စ်က ရီးရဲလ်အသင်းမှာ ကစားဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း ငြင်းပယ်ပြီး အာဆင်နယ်အသင်းကို ပြောင်းလာခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Sportskeeda

ဆီဘာလို့စ်က “ကျွန်တော် အာဆင်နယ်အသင်းကို ပြန်လာရဖို့ အလွန် ပျော်ရွှင်ပါတယ်။ ဒီအသင်းမှာ ကျွန်တော် ပြီးခဲ့တဲ့ ရာသီက ကောင်းမွန်တဲ့ အချိန်တွေကို ရရှိခဲ့ပါတယ်။ ကျွန်တော် အရေးပါတယ်လို့ ခံစားရတဲ့ အသင်းကို ပြန်လာရလို့ ကျွန်တော် အလွန် ပျော်ပါတယ်။ ကျွန်တော့်မှာ အခြား ရွေးချယ်ဖို့ အသင်းတွေ ရှိတာ မှန်ပါတယ်။ ရီးရဲလ်အသင်းမှာ ဆက်နေဖို့ ကမ်းလှမ်းမှုတွေလည်း ရှိခဲ့ပြီး စပိန်လိဂ် ပြန်သွားဖို့လည်း ရှိခဲ့ပါတယ်။ စပိန်လိဂ်မှာ ကျွန်တော့်ကို စိတ်ဝင်စားတဲ့ အသင်းတွေ ရှိနေကြပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ နှစ်မှာ နည်းပြ အာတီတာနဲ့ စကားပြောပြီး သူ့ကို အာဆင်နယ်မှာ ဆက်နေချင်ပြီး ဆုဖလားတွေ ရချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အာဆင်နယ်အသင်းကို ရောက်လာပြီးနောက် နည်းပြ အာတီတာရဲ့ လုပ်ဆောင်မှုတွေကြောင့် ကျွန်တော် အလွန် ပျော်ပါတယ်”လို့ ပြောခဲ့ပါတယ်။