ဂျုဗင်တပ်အသင်းရဲ့ တိုက်စစ် ကစားသမား ကွာဒရာဒိုက တိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းက ထွက်သွားမယ် ဆိုရင် ဂျုဗင်တပ်အသင်းကို ရောက်လာပြီးတော့ ဂျုဗင်တပ်အသင်းမှာ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲကစားဖို့ ဆိုတာ လုံးဝ စိတ်ကူးကြည့်လို့ မရဘူးလို့ ပြောသွားခဲ့ပါတယ်။ တိုက်စစ်မှူး မက်ဆီကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားသမားဘဝ တစ်လျှောက်လုံး ကစားလာခဲ့ပြီး ဘလွန်းဒီအော်ဆု (၆) ကြိမ် ရရှိခဲ့တဲ့ ဘာစီလိုနာအသင်းကနေ ထွက်သွားချင်ပါတယ်လို့ FAX နဲ့ စာပို့ခဲ့ပြီးနောက် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ များစွာထဲမှာ ဂျုဗင်တပ်အသင်း ပါဝင်ခဲ့ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ်အသင်းဟာ စီရီးအေး ဆုဖလားကို လက်ရှိရာသီမှာ (၉) ကြိမ်ဆက် ရရှိနိုင်ခဲ့တာကြောင့် လာမယ့် ရာသီသစ်မှာ နောက်ထပ် တစ်ကြိမ် ရရှိမယ် ဆိုရင် စီးရီးအေ ဆုဖလား (၁၀) ကြိမ်ဆက် ရရှိတဲ့ ပထမဆုံး အသင်း အဖြစ် ဘောလုံး သမိုင်းမှာ သမိုင်း တစ်ခု ရေးထိုးသွားနိုင်မှာ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ ပြည်တွင်းလိဂ်ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိနေပြီး ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ဆုဖလား မရတော့တာ ကြာခဲ့ပြီ ဖြစ်တာကြောင့် တိုက်စစ်မှူး မက်ဆီကို ခေါ်ယူချင်ပေမယ့် ကွာဒရာဒိုကတော့ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ မဖြစ်နိုင်လောက်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ယခုအပတ် ကြာသပတေးနေ့က ESPN Nexo သတင်းမှာ ကွာဒရာဒိုက “ကျွန်တော် ရော်နယ်ဒို နဲ့ မက်ဆီ တွဲကစားမယ် ဆိုတာကို လုံးဝ စိတ်ကူးကြည့်လို့ မရပါဘူး။ အမှန်တော့ ကျွန်တော် သိကို မသိတာ ဖြစ်နိုင်ပါတယ်။ ရော်နယ်ဒိုရဲ့ ဖြစ်စဉ်မှာလည်း လူတွေက မယုံကြည့်ခဲ့ကြပေမယ့်လည်း သူက ရုတ်တရက်ဆိုသလို ဂျုဗင်တပ်အသင်းကို ရောက်လာခဲ့တယ်။ ကျွန်တော် နည်းပြ ပီယာလိုနဲ့ ကစားပြောဖို့ အခွင့်အရေး မရသေးပါဘူး။ သူနဲ့ ကစားပြောခွင့် ရတဲ့ အခါ ကျွန်တော် ဘယ်နေရာမှာ ကစားရတာ ပိုပြီး အဆင်ပြေတယ် ဆိုတာကို ပြောပြပါမယ်။ သူ သိတာ နဲ့ သူ ကစားသမားကောင်း ဖြစ်ခဲ့တာတွေကို မျှဝေနိုင်ဖို့ နဲ့ ဆုဖလား များစွာ ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။