လူငယ္ကစားသမားေတြကို တရားမဝင္တဲ့ နည္းလမ္းေတြနဲ႔ ခ်ဥ္းကပ္ခဲ့တာေၾကာင့္ ဖီဖာရဲ့ အေျပာင္းအေရႊ႕ေဘာလုံးရာသီ ႏွစ္ရာသီ ပိတ္ပင္မွုျပစ္ဒဏ္ကို က်ခံခဲ့ရတဲ့ ခ်ယ္လ္ဆီးအသင္းဟာ အယူခံဝင္တာ ေအာင္ျမင္ခဲ့ရာကေန အေျပာင္းအေရႊ႕တစ္ရာသီသာ ပိတ္ပင္ခံရတဲ့ ျပစ္ဒဏ္ကို ေျပာင္းလဲက်ခံခဲ့ရာကေနတဆင့္ လက္ရွိမွာေတာ့ ဇန္နဝါရီအေျပာင္းအေရႊ႕ ေစ်းကြက္အတြင္းမွာ ဝင္ေရာက္လွုပ္ရွားခြင့္ ရရွိသြားခဲ့ပါၿပီ။

Photo Credit: Metro.com

လက္ရွိေဘာလုံးရာသီမွာ အသင္းရဲ့ ကစားသမားေဟာင္း လမ္းပတ္ကို အသင္းနည္းျပသစ္ အျဖစ္ ခန႔္အပ္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ေဘာလုံးရာသီမွာလည္း ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို ရရွိဖို႔အတြက္ အေျခအေနေကာင္းလို႔ေနပါတယ္။ ဒါ့ေၾကာင့္လည္း ခ်ယ္လ္ဆီးအသင္းဟာ လက္က်န္ေဘာလုံးရာသီမွာ ပိုမို ေကာင္းမြန္တဲ့ေျခစြမ္းေတြကို ျပသနိုင္ဖို႔ ဇန္နဝါရီကာလမွာ နည္းျပလမ္းပတ္ကို အေျပာင္းအေရႊ႕စရိတ္ ေပါင္၁၀၀သန္းကို ထုတ္ေပးထားတယ္လို႔ လန္ဒန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားၾကပါတယ္။

Photo Credit: Metro.com

႐ုရွားသတင္းဌာနေတြကေတာ့ ခ်ယ္လ္ဆီးအသင္းဟာ စီအက္စ္ေကေအအသင္းရဲ့ အသက္ ၂၁ႏွစ္အရြယ္ တိုက္စစ္မွူးျဖစ္သူ ရွဗ္ေလာ့ကို ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္လာတယ္လို႔ ေဖာ္ျပလိုက္ၾကပါတယ္။ ရွဗ္ေလာ့ဟာ လက္ရွိ ေဘာလုံးရာသီမွာ စီအက္စ္ေကေအအသင္းအတြက္ ယူရိုပါလိဂ္ၿပိဳင္ပြဲတစ္ခုအတြင္းမွာတင္ သြင္းဂိုး ၆ဂိုးအထိ သြင္းယူေပးထားနိုင္သူပါ

Photo Credit: Metro.com

လက္ရွိထြက္ေပၚေနတဲ့သတင္းေတြအရ ရွဗ္ေလာ့ကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ အသင္းေတြျဖစ္တဲ့ ဘရိုက္တန္အသင္းနဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔ရဲ့ ပစ္မွတ္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္ေၾကာင္းလည္း သိရပါတယ္။ ေဘာလုံးကၽြမ္းက်င္သူေတြရဲ့ အဆိုအရ ရွဗ္ေလာ့ရဲ့တန္ေၾကးဟာ ေပါင္ ၁၅သန္း ဝန္းက်င္ရွိေနပါတယ္။

လူငယ်ကစားသမားတွေကို တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ခဲ့တာကြောင့် ဖီဖာရဲ့ အပြောင်းအရွှေ့ဘောလုံးရာသီ နှစ်ရာသီ ပိတ်ပင်မှုပြစ်ဒဏ်ကို ကျခံခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ အယူခံဝင်တာ အောင်မြင်ခဲ့ရာကနေ အပြောင်းအရွှေ့တစ်ရာသီသာ ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်ကို ပြောင်းလဲကျခံခဲ့ရာကနေတဆင့် လက်ရှိမှာတော့ ဇန်နဝါရီအပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ဝင်ရောက်လှုပ်ရှားခွင့် ရရှိသွားခဲ့ပါပြီ။

Photo Credit: Metro.com

လက်ရှိဘောလုံးရာသီမှာ အသင်းရဲ့ ကစားသမားဟောင်း လမ်းပတ်ကို အသင်းနည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိဖို့အတွက် အခြေအနေကောင်းလို့နေပါတယ်။ ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ လက်ကျန်ဘောလုံးရာသီမှာ ပိုမို ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသနိုင်ဖို့ ဇန်နဝါရီကာလမှာ နည်းပြလမ်းပတ်ကို အပြောင်းအရွှေ့စရိတ် ပေါင်၁၀၀သန်းကို ထုတ်ပေးထားတယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Metro.com

ရုရှားသတင်းဌာနတွေကတော့ ချယ်လ်ဆီးအသင်းဟာ စီအက်စ်ကေအေအသင်းရဲ့ အသက် ၂၁နှစ်အရွယ် တိုက်စစ်မှူးဖြစ်သူ ရှဗ်လော့ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်လာတယ်လို့ ဖော်ပြလိုက်ကြပါတယ်။ ရှဗ်လော့ဟာ လက်ရှိ ဘောလုံးရာသီမှာ စီအက်စ်ကေအေအသင်းအတွက် ယူရိုပါလိဂ်ပြိုင်ပွဲတစ်ခုအတွင်းမှာတင် သွင်းဂိုး ၆ဂိုးအထိ သွင်းယူပေးထားနိုင်သူပါ။

Photo Credit: Metro.com

 

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ရှဗ်လော့ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ ဘရိုက်တန်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ကြောင်းလည်း သိရပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေရဲ့ အဆိုအရ ရှဗ်လော့ရဲ့တန်ကြေးဟာ ပေါင် ၁၅သန်း ဝန်းကျင်ရှိနေပါတယ်။