နည်းပြ ရွိုင်ဟောဆန်ရဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ လီဗာပူးလ်အသင်းမှာ ဆာလတ်၊ ဖာမင်နို နဲ့ မာနေးတို့ကို ကျော်ပြီး နေရာရဖို့ ခက်ခဲနေတဲ့ လီဗာပူးလ်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဘရူစတားကို ပေါင် (၂၅) သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပြီ ဖြစ်တယ်လို့ အင်္ဂလန် အခြေစိုက် သတင်းတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် (၂၀) အရွယ် အင်္ဂလန် ယူ (၂၁) အသင်းရဲ့ တိုက်စစ်မှူး ဘရူစတားဟာ ပြီးခဲ့တဲ့ ရာသီကလည်း ချန်ပီယံရှစ် ပြိုင်ပွဲက ဆွမ်ဆီးအသင်းကို အငှားနဲ့ သွားရောက် ကစားခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဆွမ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၂) ပွဲ ကစားခဲ့ရာမှာ (၁၁) ဂိုး သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Footballlondon

လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ တိုက်စစ်မှူး ဘရူစတားကို အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြို ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ လူစားလဲ အသုံးပြုခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တဲ့ အချိန်မှာ ဘရူစတားကို ပင်နယ်တီ ကန်ဖို့အတွက် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ လူငယ် တိုက်စစ်မှူး ဘရူစတားဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်က ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြတဲ့ အချိန်မှာ ပင်နယ်တီ ကန်တာ လွဲချော်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက ကွန်မြူနတီဒိုင်းကို ဆုံးရှုံးခဲ့ပြီး ဘရူစတားကလည်း နည်းပြ ကလော့ပ်ရဲ့ ယုံကြည်မှုကို အနည်း နဲ့ အများ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Footballlondon

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဖာမင်နို၊ ဆာလတ် နဲ့ မာနေးတို့ကို ကျော်ပြီး နေရာရဖို့ ခက်ခဲနေတဲ့ တိုက်စစ်မှူး ဘရူစတားကို ပွဲထွက်ခွင့် ရရှိဖို့အတွက် ရောင်းချချင်နေတယ်လို့ သတင်းတွေ ထွက်နေပြီး ပဲလေ့စ်အသင်း နဲ့ ရှက်ဖီးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ Athletic သတင်း ဌာနမှာ လီဗာပူးလ်အသင်းရဲ့ သတင်းတွေကို အဓိက တာဝန်ရေးသားရတဲ့ သတင်းထောက် James Pearce က ခရစ်စတယ်ပဲလေ့စ်အသင်းဟာ တိုက်စစ်မှူး ဘရူစတားကို ပေါင် (၂၅) သန်းနဲ့ ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းကို ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ နည်းပြ ရွိုင်ဟောဆန်ရဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲဆက် အနိုင်ရရှိခဲ့တာကြောင့် ရလဒ်ကေင်းတွေကို ရရှိထားပြီး လက်ရှိမှာလည်း တိုက်စစ်အင်အားကို မြင့်တင်ဖို့ လီဗာပူးလ်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဘရူစတားကို ခေါ်ယူဖို့ ကမ်းလှမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။