ခရစ်စတယ် ပဲလေ့စ် နည်းပြ ရှိုင် ဟော့ဆန်ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြီးအောင် ကစားသင့်ပြီး ပြိုင်ပွဲကို ပြီးအောင် မကစားဘဲ ဘယ်အသင်းက ချန်ပီယံ ဖြစ်မယ်၊ တန်းဆင်းမယ်၊ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်၊ မဆုံးဖြတ်သင့်ဘူးလို့ တိုက်တွန်းသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် (၂၅) မှတ် ဖြတ်ပြီး ဦးဆောင်နေတဲ့ အတွက်ကြောင့် ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ သေချာပေမဲ့ ဘယ်အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်၊ ဘယ်အသင်းက တန်းဆင်မယ် ဆိုတာက မသေချာသေးလျက် ဖြစ်နေပါတယ်။

Photo Credit: SkySports

နည်းပြ ရှိုင် ဟောဆန်ရဲ့ ခရစ်စတယ် ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ (၂၉) ပွဲကို ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၃၉) မှတ်နဲ့ အဆင့် (၁၁) နေရာမှာ ရပ်တည်နေလျက် ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၅) ပွဲမှာ (၃) ပွဲနိုင်၊ (၂) ပွဲသရေ ဖြစ်ခဲ့ပါတယ်။ ခရစ်စတယ် ပလေ့စ် နည်းပြ ရှိုင် ဟောဆန်ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြီးအောင် မကစားဘဲ ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် အသင်း၊ ပရီးမီးယားလိဂ် ဆုဖလား ရရှိမယ့် အသင်း နဲ့ တန်းဆင်းမယ့် အသင်းကို မဆုံးဖြတ်သင့်ဘူးလို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: Skysports

ခရစ်စတယ် ပဲလေ့စ် နည်းပြ ရှိုင် ဟော့ဆန်ကတော့ “ကျွန်တော်တို့ အားလုံး လုံးလုံးလျားလျား သဘောတူခဲ့ကြပြီး ကျွန်တော်တို့အနေနဲ့ လက်ရှိရာသီကို ပြီးအောင် ကစားရမှာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဖလားကို ဘယ်အသင်းရမယ်၊ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဘယ်အသင်း ဝင်ရမယ်၊ ဘယ်အသင်း တန်းဆင်းမယ်၊ ဘယ်အသင်းတန်းတတ်ရမယ် ဆိုတာကို အချက်အလက်တွေနဲ့ ဆုံးဖြတ်လို့ မရဘူး။ ကျွန်တော်တို့ရဲ့ ကစားသမားတွေအနေနဲ့ ပထမဆုံး ပွဲစဉ်ကို ပြန်ကစားဖို့ ပြင်ဆင်ချိန် အနည်းဆုံး (၃) ပတ်၊ ဒါမှမဟုတ် (၄) ပတ်ရကြမှာပါ။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ အဲဒီလို ပြင်ဆင်နေတဲ့ အချိန်အတွင်းမှာ အချိန်မလုံလောက်မှု ရှိနိုင်တာကို လက်ခံနိုင်ပါတယ်။ လက်ကျန်ပွဲစဉ် (၉) ပွဲကိုလည်း အချိန်တိုအတွင်း ကစားရပါမယ်”လို့ ပြောကြားသွားခဲ့ပါတယ်။