ၿပီးခဲ႔တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ ၂ဂုိးျပတ္နဲ႔ အႏုိင္ယူရခဲဲ႔သလုိ အက္ေအဖလားမွာလည္း လိဒ္ယူႏုိက္တက္ကုိ အႏုိင္ကစားထားခဲ႔တဲ႔ အာဆင္နယ္အသင္းဟာ ဒီေန႔မွာေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၂) လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ အေဝးကြင္းမွာ သြားေရာက္ရင္ဆုိင္ခဲ႔ကာ တစ္ဖက္ကုိ ၁ဂုိးစီနဲ႔ သေရက်ခဲ႔ရပါတယ္။

ဧည့္သည္အာဆင္နယ္အသင္းကေတာ့ ယူႏုိက္တက္ကုိ ဂုိးျပတ္အႏုိင္ရခဲ႔တဲ႔ပြဲစဥ္မွာကတည္းက ျပန္လည္အသုံးျပဳခဲ႔တဲ့ အူဘာမီယန္း လာကာဇက္ ေပေပတုိ႔ရဲ႕တုိက္စစ္အတြဲကုိ ထပ္မံအသုံးျပဳလာခဲ႔ကာ အုိေဇး ခ်ာကာ ေတာ္ရဲရား မီလန္းႏုိင္းစ္ ေဒးဗစ္လုဇ္ ဆုိကေရးတစ္ ကုိလာစီနက္ ေလႏုိတုိ႔နဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ အာဆင္နယ္နဲ႔ဆုံတုိင္း အၿမဲဒုကၡေပးတတ္ေလ့ရွိတဲ႔ ခရစၥတယ္ပဲေလ့စ္ကလည္း ဇာဟာ အယူး ကူယာေတး ေမယာ မက္ကၠာသီ ကာေဟး တြမ္ကင္းတုိ႔နဲ႔အတူ ၄-၃-၃ ကစားကြက္ကုိ အသုံးျပဳလာခဲ႔ပါတယ္။ ေနာက္ပုိင္းပြဲေတြမွာ ရလဒ္ေတြ ျပန္ေကာင္းမြန္ေနတဲ႔ အာဆင္နယ္က ပထမပုိင္းအစမွာပဲ အသာစီးကစားႏုိင္ခဲ႔ၿပီး ပထမဆုံးေသာ ဂုိးေပါက္တည့္ကန္ခ်က္ကေနပဲ အဖြင့္ဂုိးကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ပါတယ္။ ဒီဂုိးကုိေတာ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းက လာကာဇက္ရဲ႕ေပးပုိ႔မႈကေနတစ္ဆင့္ သြင္းယူခဲ႔တာျဖစ္ပါတယ္။ ပြဲခ်ိန္၂၅မိနစ္ေနာက္ပုိင္းမွာေတာ့ အိမ္ရွင္အသင္းက ဖိအားေပးကစားလာခဲ႔ၿပီး အာဆင္နယ္အသင္း ကစားပုံမွာလည္း အားနည္းလာခဲ႔ရေပမယ့္ ပဲေလ့စ္တုိ႔ရဲ႕ထုိးေဖာက္မႈေတြက မထိေရာက္ခဲ႔လုိ႔ ပထမပုိင္းမွာေတာ့ ၁ဂုိးတည္းနဲ႔ အေရးနိမ့္ေနခဲ႔ရပါတယ္။

ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္မွာ အာဆင္နယ္က ေတာ္ရဲရားအစား ဂြမ္ဒူဇီကုိ ထည့္သြင္းလာခဲ႔ေပမယ့္လည္း ပဲေလ့စ္က တရစပ္တုိက္စစ္ဆင္ၿပီး ေခ်ပဂုိးျပန္ရဖုိ႔ ႀကိဳးပမ္းခဲ႔တာကုိ အာဆင္နယ္ဘက္ကေန ဟန္႔မတားႏုိင္ခဲ႔ပဲ ၅၄မိနစ္မွာ ပဲေလ့စ္ဘက္ကုိ ေခ်ပဂုိးျပန္လည္ခြင့္ျပဳခဲ႔ရပါတယ္။ ဒီဂုိးကုိေတာ့ ဒီေန႔ပြဲမွာ အသင္းအတြက္ သိပ္အက်ိဳးျပဳႏုိင္ျခင္းမရွိတဲ႔ ေဂ်ာ္ဒန္အယူးက ကန္သြင္းခဲ႔တာျဖစ္ၿပီး ေဒးဗစ္လုဇ္နဲ႔ထိၿပီး ဂုိးဝင္သြားခဲ႔တာျဖစ္ပါတယ္။ ေခ်ပဂုိးေပးၿပီး မိနစ္ပုိင္းအတြင္းမွာပဲ အာဆင္နယ္တုိက္စစ္မွဴး အူဘာမီယန္းက ပဲေလ့စ္ကစားသမားေမယာကုိ ျဖတ္ထုတ္ရမွာ ၾကမ္းတမ္းမိခဲ႔တာေၾကာင့္ VAR နဲ႔ ျပန္လည္စစ္ေဆးၿပီး တုိက္ရုိက္အနီကတ္ျပ ထုတ္ပယ္ခံလုိက္ရလုိ႔ အာဆင္နယ္တုိ႔ တစ္ေယာက္ေလ်ာ့နဲ႔ ဒုတိယပုိင္းကုိ ခက္ခက္ခဲခဲ ျဖတ္သန္းခဲ႔ရပါတယ္။ ဒါေပမယ့္ ၈၂မိနစ္ေလာက္မွာ ေပေပ လာကာဇက္တုိ႔ရဲ႕ကန္ခ်က္ေတြနဲ႔ အာဆင္နယ္တုိ႔ ဂုိးရဖုိ႔ အေတာ္ေလးနီးစပ္ခဲ႔ေသးၿပီး ပဲေလ့စ္ဂုိးသမားလက္စြမ္းျပခဲ႔လုိ႔ ဦးေဆာင္ဂုိးမရခဲ႔တာျဖစ္ပါတယ္။ ပြဲၿပီးခ်ိန္ထိ ဘယ္အသင္းကမွ ဂုိးဆက္မသြင္းႏုိင္ေတာ့တာေၾကာင့္ ၁ဂုိးစီသေရနဲ႔ပဲ အဆုံးသတ္သြားခဲ႔ရပါတယ္။

(Unicode)

အာဆင်နယ်နဲ့ဆုံတိုင်း ဒုက္ခပေးတတ်လေ့ရှိတဲ့ အစဉ်အလာကို ဆက်ထိန်းသွားနိုင်ခဲ့တဲ့ ပဲလေ့စ်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ယူရခဲဲ့သလို အက်အေဖလားမှာလည်း လိဒ်ယူနိုက်တက်ကို အနိုင်ကစားထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၂) လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ကာ တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေကျခဲ့ရပါတယ်။

 

ဧည့်သည်အာဆင်နယ်အသင်းကတော့ ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာကတည်းက ပြန်လည်အသုံးပြုခဲ့တဲ့ အူဘာမီယန်း လာကာဇက် ပေပေတို့ရဲ့တိုက်စစ်အတွဲကို ထပ်မံအသုံးပြုလာခဲ့ကာ အိုဇေး ချာကာ တော်ရဲရား မီလန်းနိုင်းစ် ဒေးဗစ်လုဇ် ဆိုကရေးတစ် ကိုလာစီနက် လေနိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ဆုံတိုင်း အမြဲဒုက္ခပေးတတ်လေ့ရှိတဲ့ ခရစ္စတယ်ပဲလေ့စ်ကလည်း ဇာဟာ အယူး ကူယာတေး မေယာ မက်က္ကာသီ ကာဟေး တွမ်ကင်းတို့နဲ့အတူ ၄-၃-၃ ကစားကွက်ကို အသုံးပြုလာခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းမွန်နေတဲ့ အာဆင်နယ်က ပထမပိုင်းအစမှာပဲ အသာစီးကစားနိုင်ခဲ့ပြီး ပထမဆုံးသော ဂိုးပေါက်တည့်ကန်ချက်ကနေပဲ အဖွင့်ဂိုးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ အသင်းခေါင်းဆောင် အူဘာမီယန်းက လာကာဇက်ရဲ့ပေးပို့မှုကနေတစ်ဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်၂၅မိနစ်နောက်ပိုင်းမှာတော့ အိမ်ရှင်အသင်းက ဖိအားပေးကစားလာခဲ့ပြီး အာဆင်နယ်အသင်း ကစားပုံမှာလည်း အားနည်းလာခဲ့ရပေမယ့် ပဲလေ့စ်တို့ရဲ့ထိုးဖောက်မှုတွေက မထိရောက်ခဲ့လို့ ပထမပိုင်းမှာတော့ ၁ဂိုးတည်းနဲ့ အရေးနိမ့်နေခဲ့ရပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ အာဆင်နယ်က တော်ရဲရားအစား ဂွမ်ဒူဇီကို ထည့်သွင်းလာခဲ့ပေမယ့်လည်း ပဲလေ့စ်က တရစပ်တိုက်စစ်ဆင်ပြီး ချေပဂိုးပြန်ရဖို့ ကြိုးပမ်းခဲ့တာကို အာဆင်နယ်ဘက်ကနေ ဟန့်မတားနိုင်ခဲ့ပဲ ၅၄မိနစ်မှာ ပဲလေ့စ်ဘက်ကို ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးကိုတော့ ဒီနေ့ပွဲမှာ အသင်းအတွက် သိပ်အကျိုးပြုနိုင်ခြင်းမရှိတဲ့ ဂျော်ဒန်အယူးက ကန်သွင်းခဲ့တာဖြစ်ပြီး ဒေးဗစ်လုဇ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ချေပဂိုးပေးပြီး မိနစ်ပိုင်းအတွင်းမှာပဲ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက ပဲလေ့စ်ကစားသမားမေယာကို ဖြတ်ထုတ်ရမှာ ကြမ်းတမ်းမိခဲ့တာကြောင့် VAR နဲ့ ပြန်လည်စစ်ဆေးပြီး တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရလို့ အာဆင်နယ်တို့ တစ်ယောက်လျော့နဲ့ ဒုတိယပိုင်းကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် ၈၂မိနစ်လောက်မှာ ပေပေ လာကာဇက်တို့ရဲ့ကန်ချက်တွေနဲ့ အာဆင်နယ်တို့ ဂိုးရဖို့ အတော်လေးနီးစပ်ခဲ့သေးပြီး ပဲလေ့စ်ဂိုးသမားလက်စွမ်းပြခဲ့လို့ ဦးဆောင်ဂိုးမရခဲ့တာဖြစ်ပါတယ်။ ပွဲပြီးချိန်ထိ ဘယ်အသင်းကမှ ဂိုးဆက်မသွင်းနိုင်တော့တာကြောင့် ၁ဂိုးစီသရေနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။