ေဘာလုံးကမၻာႀကီးကို ဖိန္႔ဖိန္႔တုန္သြားေစၿပီး ေခတ္ၿပိဳင္ေနာက္ခံလူေတြကို တုန္လွုပ္ေစတဲ့ ဒိုႏွစ္ဒိုရွိတာကိုေတာ့ ပရိသတ္ေတြအားလုံး သိၾကမွာပါ။ တစ္ဦးကေတာ့ ဘရာဇီးလ္က ရိုနယ္ဒိုျဖစ္ၿပီး ျမန္မာနိုင္ငံကလူေတြကေတာ့ ဒိုႀကီးလို႔အမည္သညႇာေပးထားသူလည္း ျဖစ္ပါတယ္။ ေနာက္တစ္ဦးကေတာ့ အားလုံးသိၾကတဲ့အတိုင္းပဲ ကမၻာ့အေကာင္းဆုံးဆုကို ငါးႀကိမ္အထိ ဆြတ္ခူးထားနိုင္ခဲ့တဲ့ စီရိုနယ္ဒိုေခၚ ဒိုေလးပဲ ျဖစ္ပါတယ္။

Photo Credit: Mirror.com

ႏွစ္ဦးစလုံးဟာ လ်င္ျမန္လွတဲ့ ေျပးႏွုန္းေတြ ၊ ျမန္ဆန္တဲ့ေျခေယာင္ျပမွုေတြနဲ႔ ၿပိဳင္ဘက္ေနာက္ခံလူေတြကို အိမ္မက္ဆိုးေတြ ေပးေလ့ရွိသူေတြျဖစ္ၿပီး သူ႔ေခတ္သူ႔အခါမွာေတာ့ အေကာင္းဆုံးတိုက္စစ္မွူးေတြအျဖစ္ သတ္မွတ္ခံထားၾကရတဲ့သူေတြပါ။ ဒါ့အျပင္ ႏွစ္ဦးစလုံးဟာ နိုင္ငံအတြက္ ဆုဖလားေတြရယူေပးထားနိုင္သူေတြျဖစ္ၿပီး ဒိုႀကီးဟာ ဘရာဇီးလ္အတြက္ ကမၻာ့ဖလားအရယူေပးနိုင္ခဲ့သလို ဒိုေလးဟာလည္း ေပၚတူဂီနိုင္ငံအတြက္ ယူရိုဖလားကို အရယူေပးနိုင္ခဲ့ပါတယ္။

Photo Credit: Mirror.com

တစ္ခါတစ္ရံမွာေတာ့ ကၽြန္ေတာ္တို႔က ခပ္ရြတ္ရြတ္နဲ႔ ဒိုႏွစ္ဒိုကို နိုင္ငံတစ္နိုင္ငံတည္းမွာ အတူတူ ကစားၾကတာကို စိတ္ကူးယဥ္ဖူးၾကမွာပါ။ ဒီအရာကို ကၽြန္ေတာ္တို႔ကသာ စိတ္ကူးယဥ္ခဲ့တာမဟုတ္ပါဘူး။ လက္ရွိ ဂ်ဴဗင္တပ္အသင္းမွာ ကစားေနတဲ့ ဘရာဇီးလ္ေနာက္ခံလူ ဒါနီလိုက သူ႔ရဲ့ကလပ္အသင္းေဖာ္ စီရိုနယ္ဒိုဟာ ဘရာဇီးလ္အသင္းအတြက္ စိတ္ကူးယဥ္ကာ ကစားေပးခ်င္သူတစ္ဦးလို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Mirror.com

ဘရာဇီးလ္အသင္းနဲ႔ပတ္သတ္ၿပီး စီရိုနယ္ဒိုရဲ့ ေျပာဆိုမွုအေပၚ ဒါနီလိုက ” ကၽြန္ေတာ္က ရိုနယ္ဒိုနဲ႔အတူ ရီးရဲလ္မွာကစားခဲ့ဖူးၿပီး အခု ဂ်ဴဗီမွာ ျပန္ေတြ႕ရတာက တကယ္ကို ေကာင္းမြန္ပါတယ္။ သူ႔ရဲ့ႀကီးမားတဲ့အရည္အေသြးေတြက ဘာ့ေၾကာင့္ရိုနယ္ဒိုဟာ အားလုံးရဲ့ ပစ္မွတ္ျဖစ္ေနရသလဲဆိုတာရဲ့ ေသာ့ခ်က္ပါပဲ။ သူက ကၽြန္ေတာ့္ကိုေျပာခဲ့ဖူးပါတယ္။ သူသာ ဘရာဇီးလ္အသင္းအတြက္ ကစားေပးျဖစ္ရင္ ဘရာဇီးလ္ဟာ ေနာက္ထပ္ကမၻာ့ဖလားငါးႀကိမ္ကို ထပ္ရလိမ့္မယ္တဲ့ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

ဘောလုံးကမ္ဘာကြီးကို ဖိန့်ဖိန့်တုန်သွားစေပြီး ခေတ်ပြိုင်နောက်ခံလူတွေကို တုန်လှုပ်စေတဲ့ ဒိုနှစ်ဒိုရှိတာကိုတော့ ပရိသတ်တွေအားလုံး သိကြမှာပါ။ တစ်ဦးကတော့ ဘရာဇီးလ်က ရိုနယ်ဒိုဖြစ်ပြီး မြန်မာနိုင်ငံကလူတွေကတော့ ဒိုကြီးလို့အမည်သညှာပေးထားသူလည်း ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာ့အကောင်းဆုံးဆုကို ငါးကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ စီရိုနယ်ဒိုခေါ် ဒိုလေးပဲ ဖြစ်ပါတယ်။

Photo Credit: Mirror.com

နှစ်ဦးစလုံးဟာ လျင်မြန်လှတဲ့ ပြေးနှုန်းတွေ ၊ မြန်ဆန်တဲ့ခြေယောင်ပြမှုတွေနဲ့ ပြိုင်ဘက်နောက်ခံလူတွေကို အိမ်မက်ဆိုးတွေ ပေးလေ့ရှိသူတွေဖြစ်ပြီး သူ့ခေတ်သူ့အခါမှာတော့ အကောင်းဆုံးတိုက်စစ်မှူးတွေအဖြစ် သတ်မှတ်ခံထားကြရတဲ့သူတွေပါ။ ဒါ့အပြင် နှစ်ဦးစလုံးဟာ နိုင်ငံအတွက် ဆုဖလားတွေရယူပေးထားနိုင်သူတွေဖြစ်ပြီး ဒိုကြီးဟာ ဘရာဇီးလ်အတွက် ကမ္ဘာ့ဖလားအရယူပေးနိုင်ခဲ့သလို ဒိုလေးဟာလည်း ပေါ်တူဂီနိုင်ငံအတွက် ယူရိုဖလားကို အရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Mirror.com

တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့က ခပ်ရွတ်ရွတ်နဲ့ ဒိုနှစ်ဒိုကို နိုင်ငံတစ်နိုင်ငံတည်းမှာ အတူတူ ကစားကြတာကို စိတ်ကူးယဥ်ဖူးကြမှာပါ။ ဒီအရာကို ကျွန်တော်တို့ကသာ စိတ်ကူးယဥ်ခဲ့တာမဟုတ်ပါဘူး။ လက်ရှိ ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ဘရာဇီးလ်နောက်ခံလူ ဒါနီလိုက သူ့ရဲ့ကလပ်အသင်းဖော် စီရိုနယ်ဒိုဟာ ဘရာဇီးလ်အသင်းအတွက် စိတ်ကူးယဥ်ကာ ကစားပေးချင်သူတစ်ဦးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror.com

ဘရာဇီးလ်အသင်းနဲ့ပတ်သတ်ပြီး စီရိုနယ်ဒိုရဲ့ ပြောဆိုမှုအပေါ် ဒါနီလိုက ” ကျွန်တော်က ရိုနယ်ဒိုနဲ့အတူ ရီးရဲလ်မှာကစားခဲ့ဖူးပြီး အခု ဂျူဗီမှာ ပြန်တွေ့ရတာက တကယ်ကို ကောင်းမွန်ပါတယ်။ သူ့ရဲ့ကြီးမားတဲ့အရည်အသွေးတွေက ဘာ့ကြောင့်ရိုနယ်ဒိုဟာ အားလုံးရဲ့ ပစ်မှတ်ဖြစ်နေရသလဲဆိုတာရဲ့ သော့ချက်ပါပဲ။ သူက ကျွန်တော့်ကိုပြောခဲ့ဖူးပါတယ်။ သူသာ ဘရာဇီးလ်အသင်းအတွက် ကစားပေးဖြစ်ရင် ဘရာဇီးလ်ဟာ နောက်ထပ်ကမ္ဘာ့ဖလားငါးကြိမ်ကို ထပ်ရလိမ့်မယ်တဲ့ ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။