ဂျုဗင်တပ် ဥက္ကဌဟောင်း ဂီဂလီ (Gigli) ကတော့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ မိခင်ကြောင့် ပေါ်တူဂီနိုင်ငံကို ပြန်သွားမယ်လို့ ပြောခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ သူ့ရဲ့ ရေကူးကန်မှာ ဓါတ်ပုံ ရိုက်တာကို အမြဲလိုလို မြင်ရတာ မကောင်းဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။ ဥက္ကဌဟောင်း ဂီဂလီက ရော်နယ်ဒိုဟာ သီးခြားမနေဘဲ ဇိမ်ကျစွာ နေထိုင်တာကြောင့် အခြားကစားသမားတွေလည်း သူတို့ရဲ့ နေရပ်ကို ပြန်ချင်ကြမှာ ဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ မိခင် ဦးနှောက် သွေးကြော ပြတ်ခဲ့တာကြောင့် ပေါ်တူဂီနိုင်ငံက နေရပ် မက်ဒီးရာမြို့ကို ပြန်သွားခဲ့ပြီး အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားတဲ့ အချိန်မှာ ဂျုဗင်တပ်အသင်းကို ပြန်မသွားဘဲ နေရပ်မြို့မှာ ဆက်နေထိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ကာကွယ်ကုသဖို့အတွက် အလှူတွေ ပြုလုပ်ခဲ့ပေမဲ့ လူမှုကွန်ရက်မှာ သူ့ရဲ့ ဇိမ်ကျတဲ့ လူနေမှုဘဝကို တင်လေ့ ရှိတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

Photo Credit: Dailymail

Radio Punto Nuovo သတင်းမှာ ဂျုဗင်တပ် ဥက္ကဌဟောင်း ဂီဂလီက “ရော်နယ်ဒို ထွက်သွားတဲ့ အချိန်မှာ ဂျုဗင်တပ်အသင်းမှာ ကမောက်ကမာ ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုက သူ့ရဲ့မိခင်ကြောင့် ပေါ်တူဂီကို သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာ သူဟာ ရေကူးကန်ထဲမှာ ဓါတ်ပုံရိုက်ဖို့ ပေါ်လာလေ့ရှိပါတယ်။ ဒီလို လုပ်လိုက်တဲ့ အချိန်မှာ အခြေအနေ ဆိုးရွားသွားပြီး အခြား သူတွေလည်း နေရပ်ကို ပြန်ချင်ကြပါတယ်။ အီလို အပြုအမှုကိုတော့ မလုပ်သင့်ပါဘူး။ သူတို့တွေ အားလုံး သီးခြားနေသင့်ပါတယ်”လို့ ရော်နယ်ဒိုကို ထောက်ပြဝေဖန်သွားခဲ့ပါတယ်။