ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ရှောင်ဖို့ အီတလီနိုင်ငံကနေ ဇာတိမြေ မာဒီးရာမြို့ကို ပြန်သွားခဲ့ပေမဲ့ ဇာတိမြေ မာဒီးရာမြို့မှာ ငလျင် လှုပ်သွားခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံက ရော်နယ်ဒိုရဲ့ နေရပ် ဇာတိမြေ မာဒီးရာမြို့မှာ ပြီးခဲ့တဲ့ (၂) ပတ်အတွင်းမှာပဲ ငလျင် (၂) ကြိမ် လှုပ်ခဲ့ပြီး အတော်လေးကို အန္တာရယ်များနေတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ မိခင် ဦးနှောက် သွေးကြော ပိတ်တာကြောင့် ပေါ်တူဂီနိုင်ငံကို ပြန်ခဲ့ပြီး ကိုရိုနာ ရောဂါ မဖြစ်ခင် အီတလီနိုင်ငံကို ပြန်လာခဲ့ပြီး စီးရီးအေ ပွဲစဉ် ကစားခဲ့ပါသေးတယ်။

Photo Credit: Goal

ရော်နယ်ဒိုဟာ အင်တာမီလန်အသင်းကို (၂-ဝ) ရလဒ်နဲ့ အနိုင်ရတဲ့ ပွဲစဉ် နောက်ပိုင်း ပေါ်တူဂီ နိုင်ငံကို ပြန်သွားခဲ့ပြီး ပေါ်တူဂီနိုင်ငံက သူ့ရဲ့ နေရပ်မြို့မှာ ငလျှင်လှုတ်ခတ်မှုနဲ့ ကြုံခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံက ရော်နယ်ဒိုရဲ့ မွေးရပ်ဒေသ မက်ဒီးရာမြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်အား ရစ်ခ်တာ စကေး (၃.၈) အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။ TheSun သတင်းက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မက်ဒီးရာမြို့မှာ အင်အား ရစ်ခ်တာ စကေး (၃.၈) အဆင့် ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး အဲဒီမတိုင်ခင် ငလျင် လှုပ်ခဲ့ပါသေးတယ်။

Photo Credit: Goal

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင် မတိုင်ခင်မှာ အရင်အပတ်က အင်အား ရစ်ခ်တာ စကေး (၅.၂) အဆင့် ရှိတဲ့ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ TheSun က ဖော်ပြခဲ့ပါတယ်။ ငလျင် လှုပ်ခတ်တာကြောင့် မြေပြိုပြီး လမ်းတွေ ပိတ်သွားခဲ့ပေမဲ့လည်း ဒေသခံ တစ်ယောက်မှ ငလျင်ဒဏ် မသင့်ခဲ့ဘူးလို့ ဖော်ပြခဲ့ပြီး အဆိုးထဲက အကောင်းတစ်ခု ဖြစ်တယ်လို့ ပြောရမှာပါ။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ မက်ဒီရားမြို့မှာ နေတဲ့ ဒေသခံ တစ်ယောက် ဖြစ်ပြီး စိုးရိမ်စရာ အခြေအနေ မရှိဘူးလို့ Thesun က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် အီတလီနိုင်ငံကို ပြန်မသွင်းနိုင်ဘဲ ပေါ်တူဂီနိုင်ငံမှာ သူ့ရဲ့ နေအိမ်မှာ မိသားစုဝင်တွေနဲ့ အတူ အချိန်ကုန်ဆုံးပြီး နေထိုင်လျက် ရှိပါတယ်။