ဂျုဗင်တပ်စ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အီတလီဝါရင့်ဂိုးသမားကြီး ဘူဖွန်က ဂျုဗင်တပ်စ်အသင်းကို ခရစ္စတီယာနိုရော်နယ်လ်ဒို အသင်းရဲ့ DNA ကို ဆုံးရှံးစေခဲ့ရသလို ကလပ်အသင်းရဲ့ ဥရောပချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်နိုင်မယ့် မျှော်လင့်ချက်တွေကိုပါ ပျက်ဆီးစေခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ပေါ်တူဂီကြယ်ပွင့် တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်က ရီးယဲလ်မက်ဒရစ်ကနေ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၃)ရာသီအထိ ဖြတ်သန်းခဲ့ပေမယ့်လည်း ပထမနဲ့ ဒုတိယ ဘောလုံးရာသီတွေမှာသာ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နောက်ဆုံးရာသီမှာ အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆု မရယူနိုင်ခဲ့ပဲ အဆင့်(၄)နေရာကိုသာ ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် ဂျုဗင်တပ်စ်အသင်းဟာ ရော်နယ်လ်ဒိုနဲ့ လက်တွဲခဲ့တဲ့ (၃)နှစ်တာအတွင်းမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထိသာ အမြင့်ဆုံး ရောက်ရှိခဲ့ရပေမယ့်လည်း အသင်းကို ရော်နယ်လ်ဒို မရောက်လာခင် တစ်နှစ်ခန့်မှာတော့ ဂျုဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်ရှိဖူးခဲ့ပါသေးတယ်။

Photo Credit : The Sun

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဂျုှဗီဂိုးသမားဟောင်းကြီး ဘူဖွန်က “ဂျုဗင်တပ်စ်အသင်းကို ခရစ္စတီယာနိုရော်နယ်လ်ဒို စတင်ရောက်ရှိလာခဲ့တဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ ဂျုဗင်တပ်စ်အသင်းက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျွန်တော်က ပီအက်စ်ဂျီအသင်းမှာ ရှိနေတာဖြစ်လို့ ဘာတွေဆက်ဖြစ်သွားခဲ့လဲ ဆိုတာကို မသိနိုင်ပါဘူး။ ကျွန်တော် တူရင်ကို ပြန်လာရောက်ရှိလာချိန်မှာတော့ ရော်နယ်လ်ဒိုနဲ့ ကျွန်တော်တို့ (၂)နှစ်တာလောက်အထိ လက်တွဲခဲ့ရပြီး ကောင်းကောင်းလည်း အလုပ်တွဲလုပ်နိုင်ခဲ့ရပေမယ့် ဂျုဗင်တပ်စ်အသင်းဟာ အရင်ကလို DNA မျိုး ဆုံးရှုံးနေရတယ်လို့ ကျွန်တော် ထင်လာမိခဲ့တယ်။ ကျွန်တော်တို့တွေ ၂၀၁ရခုနှစ်တုန်းက ချန်ပီယံလိဂ်မှာ ဖိုင်နယ်အထိတောင် ရောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းက အတွေ့အကြုံရှိ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ပါ။ အားလုံးကလည်း တစ်စုတစ်စည်း ဖြစ်နေရပြီး အသင်းအတွင်း နေရာတစ်နေရာအတွက်ကိုလည်း ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကလည်း အားကောင်းကောင်းနဲ့ကို ရှိနေခဲ့တယ်။ ဒါတွေအားလုံးက ရော်နယ်လ်ဒိုနဲ့အတူ ဆုံးရှုံးသွားခဲ့ရတယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။