ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းအဆင့်မှာ အသက်လက်တီကိုအသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို နောက်ထပ် ဖလားလက်မဲ့ရာသီအဖြစ် သတ်မှတ်ရတော့မှာဖြစ်လို့ ပြီးခဲ့တဲ့နွေကမှ အသင်းကို တကျော့ပြန် ရောက်လာခဲ့သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုအနေနဲ့လည်း သူရရှိနိုင်မယ့် အပိုဆုကြေး ပေါင်(၅)သန်းကိုပါ လက်ပြနှုတ်ဆက်ရတော့မှာပဲ ဖြစ်ပါတယ်။

Manchester United star Cristiano Ronaldo is set to miss out on £5million worth of bonuses

Photo Credit : The Sun

ပြီးခဲ့တဲ့ နွေစျေးကွက်က ဂျုဗင်တပ်စ်ကနေ မန်ချက်စတာစီးတီးအသင်းဆီကို ရောက်ရှိတော့မယ်လို့ သတင်းထွက်ပြီးမှ မထင်မှတ်ပဲ အိုးထရက်ဖို့ဒ်ကိုသာ တကျော့ပြန် ရောက်ရှိလာခဲ့တဲ့ GOAT ကြီး ရော်နယ်လ်ဒိုဟာ အသင်းဟောင်း ဂျုဗီမှာ တစ်ပတ်ကို ပေါင်(၇)သိနး်ခွဲလောက် ရရှိနေပေမယ့် ယူနိုက်တက်မှာတော့ လစာအနည်းငယ် လျော့ယူခဲ့ပြီး အပိုဆုကြေးတွေမှာတော့ မက်လောက်စရာကောင်းလှတဲ့ ဆုကြေးတွေ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်းက (၅)ရာသီဆက်တိုက်အထိ ဆုဖလားလက်မဲ့ရာသီ ဖြစ်သွားခဲ့ရတာကြောင့် အသင်းဆီ ပြန်လည်ရောက်လာခဲ့သူ ပေါ်တူဂီ တိုက်စစ်မှူးကြီးပါ ပေါင်(၅)သန်းစာလောက် တန်ဖိုးရှိတဲ့ အပိုဆုကြေးတွေနဲ့ လွဲချော်ခဲ့ရပါတယ်။

Cristiano Ronaldo is looking at a trophyless season with Manchester United

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ စပိန်လာလီဂါကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းကို ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာ နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရချိန် ချန်ပီယံလိဂ် ဖိုင်နယ်အထိ တတ်လှမ်းနိုင်ခဲ့ရင် ပေါင် (၂.၅)သန်းထိ အပိုဆုကြေးရရှိမယ့် ရော်နယ်လ်ဒိုရဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲ့ဒီနောက် ၂၀၁၃ခုနှစ်နောက်ပိုင်းကတည်းက အလှမ်းဝေးနေခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ပိုင်ဆိုင်နို်င်ခဲ့ရင် ရရှိမယ့် အပိုဆုကြေး ပေါင်(၁.၅)သန်းကို ရော်နယ်လ်ဒို ထပ်မံလွဲချော်ခဲ့ရပြန်ပါတယ်။ အဲ့ဒါတွေအပြင် ပြည်တွင်းဆုဖလားတွေဖြစ်တဲ့ အက်အေဖလား လိဂ်ဖလားတွေမှာပါ ပြိုင်ပွဲက ထွက်ခွာထားရမှုတွေနဲ့ ပရီးမီးယားလိဂ်မှာပါ အဆင့်(၄)အတွင်း ဝင်ရောက်ဖို့ မသေချာသေးမှုတွေ အားလုံးပေါင်းပြီး ရော်နယ်လ်ဒိုရဲ့ အပိုဆုကြေး ဆုံးရှုံးမှုက ပေါင်(၅)သန်းထိ ဖြစ်သွားနိုင်သလို အဆင့်(၄)အတွင်း မဝင်လို့ လာမယ့်ရာသီ ချန်ပီယံလိဂ်နဲ့ပါ လွဲချော်ရမယ်ဆိုရင် သူရဲ့လက်ရှိ တစ်ပတ်လုပ်ခကိုပါ (၂၅)%ထိ လျော့ချဖွယ်ပါ ရှိနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်နဲ့ တစ်ရာသီ ဖြတ်သန်းအပြီးမှာပဲ အသင်းနဲ့ ပြန်လည်လမ်းခွဲဖို့ ဆန္ဒရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ ပေါ်တူဂီအသင်းနဲ့ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဆင်နွဲနိုင်ရေးကို အာရုံစိုက်လျက် ရှိနေပါတယ်။