မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ခရစ္စတီယာနိုရော်နယ်လ်ဒို အပါအဝင် အသင်းရဲ့ ကစားသမားတွေအနေနဲ့ လူစားလဲခံရတိုင်းမှာ လူစားလဲခံရခြင်းအပေါ် စိတ်တိုင်းမကျလို့ ပေါက်ကွဲတတ်တာမျိုးတွေကို သူနားလည်ပေးလို့ရပေမယ့် လိုတာထက် ပိုမိုပြုမှုတာမျိုးတွေ ဖြစ်မလာဖို့အတွက် သတိပေး ပြောဆိုလိုက်ပါတယ်။

Cristiano Ronaldo didn't disguise his frustration at being taken off in Sunday's 0-0 Prem draw at home to Newcastle

Photo Credit : The Sun

ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုဟာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ရပ်ဖို့ဒ်နဲ့ လူစားလဲခံခဲ့ရခြင်းအပေါ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပြီး နည်းပြတန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်တဲ့ အမှုအယာမျိုးနဲ့ ခေါင်းတခါခါ ပြုလုပ်နေခဲ့ပါတယ်။ တန်ဟက်ဂ်ကတော့ သူ့အသင်းသားတွေအနေနဲ့ လူစားလဲခံရမှုအပေါ် ဘယ်သူမှ သဘောမကျတာကို သိနားလည်နိုင်ပေမယ့် လိုတာထက် ပိုမို ပြုမှုတာမျိုးကို မပြုလုပ်ဖို့ သတိပေးလိုက်ပါတယ်။

Ronaldo had seen a goal ruled out before being hooked

Photo Credit : The Sun

ဒီအကြောင်းကိစ္စနဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က “ဘယ်ကစားသမားကမှ သူတို့ လူစားလဲခံရချိန်တွေတိုင်း ပျော်ရွှင်နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါက ရော်နယ်လ်ဒို တစ်ဦးတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို မပျော်ရွှင်ကြတဲ့အပေါ်လည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အေးအေးဆေးဆေးလေးနဲ့ ပုံမှန်လေးအတိုင်း ဖြစ်နေသရွေ့တော့ ဘာပြသာနာမှ မရှိနိုင်ပါဘူး” လို့ တန်ဟက်ဂ်က ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း သွင်းဂိုးက (၁၃)ဂိုးသာ သွင်းယူထားနိုင်ပြီး တိုက်စစ်မှာ ရော်နယ်လ်ဒိုက ဂိုးတစ်ဂိုးရဖို့ ရုန်းကန်နေရသလို မာရှယ် ရပ်ဖို့ဒ်တို့ကလည်း အသင်းအတွက် ခြေစွမ်းပြနိုင်ပြီဆိုတာနဲ့ ဒဏ်ရာပြသာနာတွေနဲ့ပါ ရင်ဆိုင်ရတတ်တဲ့ အခြေအနေမျိုး ဖြစ်နေပြီး ဆန်ချိုကလည်း ခြေစွမ်းပိုင်း မတည်ငြိမ်သေးတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်ပိုင်းအတွက် ကစားသမား အင်အားဖြည့်တင်းသွားရဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ဒီည စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာလည်း တိုက်စစ်က ရော်နယ်လ်ဒိုကို ဆက်သုံးမလား ဒါမှမဟုတ် အနားပေးပြီး ရပ်ရှ်ဖို့ဒ် ဆန်ချို အန်တိုနီတို့ကိုသာ တွဲဖက် အသုံးပြုသွားမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။